33 C
Yangon

ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများစုပေါင်းဆင်နွှဲ၊ ငလျင်ဒဏ်ခံပြည်သူများအတွက် မေတ္တာပို့ဆုတောင်း

Must read

ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများစုပေါင်းဆင်နွှဲ၊ ငလျင်ဒဏ်ခံပြည်သူများအတွက် မေတ္တာပို့ဆုတောင်း

ရန်ကုန်၊ မတ် ၃၀

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern California က ဦးဆောင်၍ “ပြည်တွင်းပြည်ပစုစည်းအားနဲ့ ဖက်ဆစ်မှန်သမျှ အမြစ်ဖြတ်ကြ”ခေါင်းစဉ်ဖြင့် ၁၅၃ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများစုပေါင်း၍ ဆင်နွှဲခဲ့ကြသည်။

ထို့ပြင် ပြင်းအားပြင်း မြေငလျင်ဒဏ်ကြောင့်အသက်ဆုံးရှုံးသွားကြသော ရဟန်းရှင်လူပြည်သူများနှင့် အတိဒုက္ခရောက်နေသော ပြည်သူအပေါင်းအတွက် တစ်မိနစ်ငြိမ်သက်ကာ မေတ္တာပို့ ဆုတောင်းခဲ့ကြကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာမှ ဝိုင်းဝန်းကူညီရန် နှိုးဆော်ခဲ့ကာ နိုင်ငံတကာအလှုပစ္စည်းများ၊ ငွေကြေးများကို စစ်အုပ်စုလက်ထဲမထည့်ရန်၊ စစ်အုပ်စုလက်ထဲရောက်သွားသော အကူအညီများကို ထင်သာမြင်သာဖြစ်အောင် လူထုက စောင့်ကြည့်ထုတ်‌‌ဖော်ရန်၊ ပြည်သူများ အတိဒုက္ခရောက်နေစဉ် စစ်အုပ်စုအလိုကျ အခါတော်ပေးနေကြသော နိုင်ငံရေးပွဲစားများကိုလည်း ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article