29 C
Yangon

ကျောက်ဆည် Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ၊ မန္တလေး အမြောက်တန်းဗလီ ပြိုကျမှု ရုပ်အလောင်း ၁၂၀ ကျော် တွေ့ရှိထား

Must read

ကျောက်ဆည် Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ၊ မန္တလေး အမြောက်တန်းဗလီ ပြိုကျမှု ရုပ်အလောင်း ၁၂၀ ကျော် တွေ့ရှိထား

ရန်ကုန်၊ မတ် ၃၀

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၄၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် ကျောက်ဆည်မြို့ရှိ Bright Kids school ပြိုကျခဲ့ပြီး လက်ရှိချိန်ထိ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ကျောင်းပြိုကျမှုကြောင့် ဆရာမ ၉ ဦးနှင့် ကလေးငယ် ၄၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကာ သေဆုံးမှု အရေအတွက်ကို ဆက်လက် မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။

“Bright Kids school က ဆရာမ ၉ ဦးနဲ့ ကလေးငယ် ၄၀ ကျော် သေဆုံးပါတယ်။ အတိအကျတော့ ခုထိမသိရသေးပါ။ ကယ်ဆယ်ရေးတွေ လိုအပ်ပါတယ်။ ခုထိတော့ ကယ်ဆယ်နေတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးမြို့ အမြောက်တန်းဗလီ ပြိုကျမှုတွင်လည်း ရုပ်အလောင်း ၁၂၀ ကျော်တွေ့ရှိထားကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင် သိရသည်။

“မန္တလေး အမြောက်တန်းဗလီ ပြိုကျတာက Dead body ၁၂၀ ကျော်တွေ့ထားပြီ ဒဏ်ရာရသူတွေ အရမ်းများပြားပါတယ်။ ကယ်ဆယ်ရေးတွေက အခုထိ ဆက်လက် လုပ်ဆောင်နေတုန်းပါပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article