29 C
Yangon

စစ်ကိုင်း၊ မတ္တရာ၊ စဉ့်ကိုင်အပါအဝင် မြို့များစွာတွင် ပြည်သူများပိတ်မိနေချိန် ကြာမြင့်လာသည့်အပြင် ကယ်ဆယ်ရေးအင်အားမလုံလောက်

Must read

စစ်ကိုင်း၊ မတ္တရာ၊ စဉ့်ကိုင်အပါအဝင် မြို့များစွာတွင် ပြည်သူများပိတ်မိနေချိန် ကြာမြင့်လာသည့်အပြင် ကယ်ဆယ်ရေးအင်အားမလုံလောက်

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်း၊ စဉ့်ကိုင်၊ အင်းလေး၊ ရမည်းသင်းအပါအဝင် မြို့များစွာတွင် ပျက်စီးအဆောက်အအုံများအောက်တွင် ပြည်သူများ ပိတ်မိနေမှု အချိန်ကြာမြင့်လာသဖြင့် ကယ်ဆယ်ရေးအင်အားနှင့် ပစ္စည်းကိရိယာများ လိုအပ်မှု အရေးပေါ်အခြေအနေဖြစ်နေပြီး ပိတ်မိနေသူများ၏ မိသားစုဝင်များက ဝိုင်းဝန်းကယ်တင်ပေးကြရန် အကူအညီတောင်းခံလျက်ရှိသည်။

ငလျင်ကြီးလှုပ်ခတ်အပြီး ၂ ရက်(၄၈နာရီ)အကြာ မတ်လ ၃၀ ရက်နေ့တွင် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လျက်ရှိပြီး မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတို့တွင် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ယမန်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်အနီး အင်အား၅.၁၊ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ရွှေဘိုအနီး အင်အား ၄.၂ နှင့် နေ့လယ်ပိုင်းတွင် မန္တလေးအနီး အင်အား ၅.၁ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့သည်ဟု ငလျင်လှုပ်ခတ်မှုအစီရင်ခံစာအရ သိရသည်။

လျှပ်စစ်မီးအခက်အခဲကြောင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံတွေ့နေရပြီး နေရာအနှံ့ အင်တာနက်ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက်ရယူမှုအပိုင်းမှာ အကန့်အသတ်နှင့်ဖြစ်ပေါ်နေသည်။

နေအိမ်ပျက်စီးသွားသူများမှာ ဘုန်းကြီးကျောင်းနှင့် အခြားခိုလှုံရာနေရာများ၊ လမ်းမများပေါ်တွင် ခေတ္တနေထိုင်နေရပြီး အသင့်စား အစားအသောက်များ၊ သောက်ရေ၊ ယာယီနေထိုင်ရန်နေရာနှင့် တကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article