ရန်ကုန်၊ မတ် ၃၁
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းနှင့် အထိုင်တပ်စခန်းမှ ထွက်လာသော စစ်တပ်တို့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း 3601 PPDF တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၆ ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု လက်ပံခုံ ကျေးရွာသို့ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး ကျေးရွာအတွင်း ထွက်လာစဉ် ၃၆၀၁ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက မိုင်း ၃ ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ၃ ချက် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၈ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်ပြီး လက်ပံခုံရွာနှင့် သစ်ပုတ်ရွာကြား နွားသိုးတဲတိုက်တွင် ခေတ္တအထိုင်ချတပ်စွဲကာ သစ်ပုတ်တာဝါတိုင် စစ်တပ် အထိုင်စခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းရွာ စစ်တပ် အထိုင်စခန်းမှ ထွက်လာသော စစ်သားများကိုလည်း တည်ပင်ကြောလမ်းခွတွင် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ (၄) နှင့် တပ်ခွဲ (၅) တို့က မိုင်း ၃ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာ ရရှိသူများကို Faw ကားပေါ် တင်ဆောင်ပြီး ပေါက်ခေါင်းဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
