29 C
Yangon

ငလျင်ကပ်ဘေးကြုံနေရချိန် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြန်

Must read

ရန်ကုန်၊ မတ် ၃၁

မြန်မာနိုင်ငံတွင် ငလျင်ကပ်ဘေးကြုံနေရချိန် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ မတ်လ ၃၁ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် စစ်ကောင်စီတပ်မှ ၁၂၀ မမ ဗုံးသယ်ဆောင်လာသည့်ဒရုန်းဖြင့် ၁ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရှိရသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်အချိန် နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကျဲချမှုကြောင့် ဒေသခံနေအိမ် ၃လုံးနှင့် စာသင်ကျောင်း ၂ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၆ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာ၊ သုံးဆယ်ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့အပြင် ဒေသခံနေအိမ်အများအပြားလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ရှိရှိ ဦးတည်ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article