38 C
Yangon

မန္တလေး ၃၅ လမ်းရှိ ဖွင့်လှစ်ထားသော ကရဝိတ် ကဖေး စားသောက်ဆိုင် အထပ်မြင့် အဆောက်အအုံ ပြိုကျမှုတွင် စားသောက်သူများ၊ ဆိုင်ဝန်ထမ်းများ၊စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သား ၉ ဦးခန့် သေဆုံးခဲ့

Must read

မန္တလေး ၃၅ လမ်းရှိ ဖွင့်လှစ်ထားသော ကရဝိတ် ကဖေး စားသောက်ဆိုင် အထပ်မြင့် အဆောက်အအုံ ပြိုကျမှုတွင် စားသောက်သူများ၊ ဆိုင်ဝန်ထမ်းများ၊စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သား ၉ ဦးခန့် သေဆုံးခဲ့

ရန်ကုန်၊ ဧပြီ ၁

မန္တလေးမြို့၊ ၃၅ လမ်းနှင့် ၇၅ လမ်းထောင့်တွင် ဖွင့်လှစ်ထားသော ကရဝိတ်ကဖေးနှင့်စား သောက်ဆိုင် အထပ်မြင့်အဆောက်အအုံသည် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်သော ငလျင်အတွင်း လုံး၀ ပြိုကျမှု ဖြစ်ပွားခဲ့ရာ စားသောက်သူများ၊ ဆိုင်ဝန်ထမ်းများနှင့်အတူ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သား ၉ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့သော ကြောင့် မန္တလေးမြို့၊ ၃၅လမ်းနှင့် ၇၅ လမ်းဒေါင့်တွင် ဖွင့်လှစ်ထားသော ကရဝိတ် ကဖေး အဆောက်အအုံမှာ လုံး၀ပြိုကျသွားခဲ့ကြောင်း၊ ယင်းသို့ ပြိုကျချိန်တွင် စားသောက်သူများ၊ ဆိုင်ဝန်ထမ်းများ အပြင် မန္တလေးမြို့ကို လုံခြုံရေးယူ ကင်းပတ်နေသော စစ်တပ်အရာရှိ ၁ ဦး နှင့် စစ်သား ၉ ဦး စုစုပေါင်း စစ်သား ၁၀ ဦးပါ ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။

“ငလျင်လှုပ်ခတ်အပြီး မတ်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က ကားတွေ လာကြည့်ပါတယ်။ သူတို့ရဲ့ အရာရှိ ၁ ဦးနဲ့ စစ်သား ၉ ဦး အနည်းဆုံး ၁၀ ဦး လာရောက်စားသောက်နေစဉ်အတွင်းမှာ ဆိုင်ပြိုတဲ့ အထဲပါသွားတယ်။ ကရ ဝိတ် စားသောက် ဆိုင်ဖွင့်ထားတဲ့ ၆ ထပ်တိုက်တစ်ခုလုံးကလည်း ငလျင် လှုပ်ပြီးတော့ မြေကြီးပေါ်မှာ အပုံလိုက်ပဲ ကျန်ပါတယ်။ ပြိုကျတဲ့အရှိန်နဲ့ အထဲမှာရှိနေတဲ့သူ တွေလည်း ဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ချိန်မှာ နေ့လယ်စာစားချိန်ဖြစ်၍ ကရိတ်ဝိတ်ကဖေးတွင် လူအစည်ကားဆုံးအချိန်လည်းဖြစ်ကြောင်း၊ ကရဝိတ်ကဖေး သည် မန္တလေးမြို့၏ နာမည်ကျော် စားသောက်ဆိုင်ဖြစ်ပြီး မန္တလေးမြို့သူမြို့သားများ ဝင်ထွက်သွားလာစားသောက်နေကြသည့် နာမည်ကျော် ကဖေးနှင့်စားသောက်ဆိုင်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရဝိတ်ကဖေးစားသောက်ဆိုင် မပြိုကျမီ ညပိုင်းမြင်ကွင်းနှင့် ပြိုကျအပြီး မြင်ကွင်း

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article