30 C
Yangon

မိုးညှင်းခရိုင် KIA တပ်မဟာ ၈ ဘက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သင်တန်း လာတက်သည့် လူငယ် ၃၈ ဦး ကျဆုံး၊ ဗန်းမော်၊ ဝိုင်းမော်နှင့် အင်းတော် ဘက်ကိုလည်း ဆက်တိုက်ဗုံးကျဲနေ

Must read

မိုးညှင်းခရိုင် KIA တပ်မဟာ ၈ ဘက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သင်တန်း လာတက်သည့် လူငယ် ၃၈ ဦး ကျဆုံး၊ ဗန်းမော်၊ ဝိုင်းမော်နှင့် အင်းတော် ဘက်ကိုလည်း ဆက်တိုက်ဗုံးကျဲနေ

ရန်ကုန်၊ ဧပြီ ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် KIA တပ်မဟာ ၈ ဘက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်သင်တန်းလာတက်သည့် သင်တန်းသား ၃၈ ဦး ကျဆုံးကာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိုးညှင်းခရိုင် KIA တပ်မဟာ ၈ ဘက်ကို Jet Fighter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်သင်တန်းလာတက်သည့် သင်တန်းသား ၃၈ ဦး ကျဆုံးကာ ၂၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီက ကချင်ပြည်နယ် မိုးညှင်းခရိုင် တပ်မဟာ ၈ ဘက်ကို လေယာဉ် Jet Fighter ၂ စီးနဲ့ ဗုံးလာကျဲသွားတယ်။ လာကျဲတော့ KIA ဘက်မှာ သင်တန်းလာတက်မယ့် သင်တန်းသားတွေ ၃၈ ယောက်ကျဆုံးတယ်။ ၂၈ ယောက်လောက် ဒဏ်ရာရတယ်တဲ့။ တော်တော်ဆိုးတာပေါ့။ ငလျင်ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်နေတဲ့အချိန် လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်လုပ်နေတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဗန်းမော်နှင့် ဝိုင်းမော် ဘက်ကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေပြီး KIA တပ်မဟာ ၉ နယ်မြေကိုလည်း ဒရုန်းဖြင့် ဗုံးကျဲချမှုများ လုပ်ဆောင်နေကြောင်း၊ အလားတူ ယနေ့ ဧပြီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အင်းတော်မြို့ဘက်ကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း သိရသည်။

“ဗန်းမော်ဘက် လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်ရှိတယ်။ ဝိုင်းမော်ဘက် ရွာဘက်ကိုလည်း ဒရုန်းနဲ့ ဗုံးကျဲတာတွေ ရှိတယ်။ ပြီးတော့ ငလျင်လှုပ်ပြီးနောက်ပိုင်း KIA တပ်မဟာ ၉ နယ်မြေကိုလည်း ဒရုန်းနဲ့ ဗုံကျဲတာတွေရှိတယ်။ ဒီနေ့လည်း တပ်မဟာ ၂ လီဒိုလမ်းဘက်ကိုလည်း ပြည်သူ့စစ်အဖွဲ့တွေ ဒရုန်းနဲ့ ဗုံးကျဲတာတွေ ရှိတယ်။ ဒီဝိုင်းမော်ဘက်ကိုပဲ စစ်ကြောင်းတွေ ထိုးနေတယ်။ စစ်ကြောင်းထိုးက တောက်လျှောက်ရှိတယ်။ ဒီ အကြမ်းဖက် စစ်ကောင်စီက ငလျင်ကြောင့် ဒုက္ခရောက်နေပေမယ့် ကချင်ပြည်ကို ထိုးစစ်ဆင်တာတွေ မရပ်သေးဘူး။ လေကြောင်းတိုက်ခိုက်မှုတွေ ဒရုန်းနဲ့ ဗုံးကျဲတာတွေ နေ့တိုင်း လုပ်နေတယ်။ စစ်ကောင်စီက စစ်ရာဇဝတ်မှု တောက်လျှောက်ကျူးလွန်နေတာ ။ တစ်နိုင်ငံလုံး ငလျင်ကြောင့် ဒုက္ခရောက်နေပေမယ့်သူက ငလျင်ကယ်ဆယ်ရေး သေချာမလုပ်ဘဲနဲ့ ဒီပြည်သူတွေ ဗုံးကျဲတာ တောက်လျှောက်လုပ်နေတယ်။ ဒီနေ့ နေ့လယ်ပိုင်လးည်း အင်းတော်မြို့ဘက်ကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter ၂ စီးနဲ့ ဗုံးလာကျဲသွားတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ဖားကန့်-တနိုင်းလမ်းပိုင်းရှိ လဝကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့များကို မတ်လ ၃၁ ရက်နေ့တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် မောင်းထုတ်လိုက်သည့်အတွက် စစ်ကောင်စီ ပူးပေါင်းအဖွဲ့ဝင်များသည် ကာမိုင်းဘက်ကို ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article