Khit Thit သတင်းဌာန၏ ဧပြီ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ကြီးမားတဲ့ ငလျင်ဒဏ်ကြောင့် အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အတွက် အထူးစိုးရိမ်နေရတယ်လို့ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ
၉ အဆင့်ရှိတဲ့ ငလျင်ဟာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်မှာပဲ ထပ်မံ လှုပ်ခတ်သွားပြန်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဟာ လက်ရှိ စစ်ကိုင်းတိုင်းမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခ ရောက်နေတဲ့အချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို အင်အားအလုံးအရင်းနဲ့ မနေ့ကပဲ စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
