နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်
နေပြည်တော်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့-USGS က သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ ည ၉ နာရီ ၅၇ မိနစ်အချိန် နေပြည်တော်မြို့၏ မြောက်ဘက် ၃၇ ကီလိုမီတာအကွာ အနက် ၃ ဒသမ ၂ ကီလိုမီတာကို ဗဟိုပြု၍ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။
ယနေ့ ဧပြီလ ၁ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မြန်မာပြည်တွင်း၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၁၅ ကီလိုမီတာခန့် အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၀ အဆင့်နှင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးလှုပ်ခတ်မှု၏ နောက်ဆက်တွဲ မြေငလျင်များစွာ လှုပ်ခတ်နေခြင်းဖြစ်သည်။


