28 C
Yangon

အပစ်ရပ်မည်ဟု ကြေညာထားသော စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက် ထပ်မံ ဗုံးကျဲမှု နေအိမ်များ ထိခိုက်ပျက်စီး

Must read

အပစ်ရပ်မည်ဟု ကြေညာထားသော စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက် ထပ်မံ ဗုံးကျဲမှု နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဧပြီ ၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်၀န်းကျင်အချိန် စစ်ကောင်စီတပ်က နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ ကြိမ် လာရောက်ကျဲချခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့်နေအိမ် ၄ လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့မှ ၂​၂ ရက်နေ့အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီက မိုးကုတ်မြိုအနောက်ပိုင်း ပင့်ကူတောင်အောက်အနီးသို့လည်း ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း သိရှိရသည်။

အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ ၃ ရက်တွင် သပိတ်ကျင်းမြို့နယ် ၇ မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံး ၈ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိသည့်ငလျင်လှုပ်ခတ်နေချိန် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နောင်လင်ကျေးရွာအတွင်း ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကျဲချမှုကြောင့် နေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင် အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း အမှန်တကယ်လက်တွေ့တွင် စစ်ကြောင်းထိုး၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article