28 C
Yangon

စစ်ကိုင်းမြို့ ပေါ်တွင် ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းထားသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့က ရိုက်နှက် လုယူမှုဖြစ်ပွား

Must read

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းမြို့ ပေါ်တွင် ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူပစ္စည်းများကို အလှူရှင်များက လာရောက်လှူဒါန်း စဉ် ဆန်းသစ်ရပ်ကွက်၊ ထွဋ်ခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူးက အုပ်စုဖွဲ့ ရိုက်နှက်လုယူမှုဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသော ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၇ ရက်နေ့တွင် အလှူရှင်အဖွဲ့တစ်ဖွဲ့က စစ်ကိုင်းမြို့ပေါ်မှ ငလျင်ဘေးဒဏ်သင့် ပြည်သူများ၏ စားဝတ် နေရေးအတွက် ကယ်ဆယ်ရေး ကူညီရေး ပစ္စည်းများ လာရောက်လှူဒါန်းကြောင်း၊ ကျေးရွာလူကြီးနှင့်အဖွဲ့က အလှူရှင်များကို အလှူပစ္စည်းများကို ၎င်းတို့ထံအပ်နှံရန် တောင်းဆိုကြောင်း၊ သို့ရာတွင် အလှူရှင်အဖွဲ့က ကယ်ဆယ်ရေးပစ္စည်းများကို ရွာလူကြီးထံ အပ်နှံခြင်းမပြုဘဲ ငလျင်ဘေးသင့် ပြည်သူများထံသို့ ကိုယ်တိုင် လက်ရောက် လှူဒါန်းကြောင်း၊ ယင်းသို့ လှူဒါန်းသည့်အတွက် ရွာလူကြီးနှင့်အဖွဲ့က အလှူရှင်များ လှူဒါန်းထားသော ပစ္စည်းများကို လာရောက် သိမ်းဆည်း လုယူသွားကြောင်း သိရှိရသည်။

“အလှူရှင်တွေက ရွာလူကြီးဆီကို အလှူပစ္စည်းမအပ်ဘူး။ သူတို့ဟာသူတို့ ပြိုတဲ့စာရင်းကိုပဲ လိုက်ကြည့်ပြီး ပေးတာ။ အဲဒါကို ရွာလူကြီးက သူ့ကို မပေးရကောင်းလားဆိုပြီး လာပြန်လုတာ။ အလှူရှင်အဖွဲ့က ရပ်ကွက်လူကြီးစာရင်းကို မလိုချင်ပါဘူးဆိုပြီးတော့ မိုးကာတဲထိုးနေတဲ့ သူတွေကို အလှူပစ္စည်းတွေ လိုက်ဝေနေတုန်း အုပ်ကြီးနဲ့ အမျိုးတွေက သူတို့မရလို့ဆိုပြီး လာလုတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ယင်းသို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အလှူပစ္စည်းများကို လုယူစဉ် ပစ္စည်းများ မပေးသူများကိုလည်း အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ငလျင်ဒဏ်သင့် အမျိုးသမီး ရိုက်နှက်ခံရကြောင်း၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ နှလုံးရောဂါအခံရှိသည့်အတွက် မေ့လဲသွားသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article