28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းမြို့ကို ကျော်ပြီး ငလျင်ဘေးကူညီကယ်ဆယ်ရေးသွားမယ့် အဖွဲ့တွေနဲ့ ယာဉ်တန်းတွေကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက တားဆီးနေပြီး သူတို့ခွင့်ပြုချက်မရှိပဲ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးတဲ့ ဒေသ တွေကို သွားရောက်ကူညီခွင့်မရှိဘူးဆိုပြီး ပြောဆိုပိတ်ပင်လာတယ်လို့ တားဆီးခံရတဲ့ ကူညီရေးအဖွဲ့တချို့ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေ ငလျင်ဒဏ်သင့်နေတဲ့အချိန် ကူညီကယ်ဆယ်ရေးတွေကို ထိထိ ရောက်ရောက်မလုပ်နိုင်ပဲ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်အရဆိုပြီး စစ်ကောင်စီရဲ့ သာသနာရေးဒုဝန်ကြီး၊ မန္တလေးဝန်ကြီး ချုပ် နဲ့ စစ်ဗိုလ်ချုပ်တစ်စုက ကျောက်ဆည်၊ရွှေသိမ်တော်ဘုရားမှာ အဓိဌာန်ပွဲထိုး ယတြာချေ နေပြန်တယ်လို့ ကျောက်ဆည်မြို့ နယ်၊သံဃာနာယကအဖွဲ့ဝင် သံဃာတော်တချို့နဲ့ ကျောက်ဆည် မြို့ပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက် စစ်ကောင်စီတပ်က မကွေးတိုင်း မြစ်ခြေမြို့ ညောင်ပင်ကျေးရွာကို ဘာတိုက်ပွဲမှ မဖြစ်ဘဲ အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ကြောင့် နေအိမ်တွေ မီးလောင်ပျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article