29 C
Yangon

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

Must read

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးကြောင်း ကနဦးသိရသည်ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ (ဂျိုးတောင် နမ်းခမ်း) ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ ညနေ ၆ နာရီခန့်တွင်လည်း နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးသည်ဟု ကနဦး သိရပြီး သေဆုံးသူ အရေအတွက် အတိအကျကို ထပ်မံ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ အခု ကနဦး သိရတာက လူ ၂၀ ကျော် သေဆုံးတယ်လို့ သိရတယ်။ အရေအတွက်အတိအကျကိုတော့ ထပ်မံ သိရှိနိုင်ဖို့ အတည်ပြုနေပါတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article