ရန်ကုန်၊ ဧပြီ ၁၁
အကြမ်းဖက် စစ်ကောင်စီက တောင်ငူမြို့နယ်၊ ဖယ်ခုံနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက် ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၂ ဦးထက်မနည်းသေဆုံးပြီး နေအိမ်များ ပျက်စီးမီးလောင်ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။
ဧပြီလ ၉ ရက်နေ့ နှင့် ဧပြီလ ၁၀ ရက်နေ့တို့တွင် တောင်ငူမြို့နယ်၊ လိပ်သိုလ်-တောင်ငူလမ်း ပေါ်ရှိကျောက်လုံးကြီး၊ ထုံးဘို၊ အုန်းချစ်ပင် ရွာတို့ကို တစ်ရက်လျှင် ၃ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲချကြောင်း၊ ထို့ပြင် သံတောင်ကြီးမှ စစ်တပ်က ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောက်လုံးကြီးကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း၊ အုန်းသျစ်ပင်ရွာတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သသောကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
“ဧပြီလ ၉ ရက်နေ့ ကျောက်လုံးကြီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ကို တောင်ငူ ၃၅၀၂ တပ် အပါအဝင် စုပေါင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်များတယ်။ တိုက်ပွဲကတော့ အကြီးကြီးဖြစ်သွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ကရင်နီပြည်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာသို့ စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ထို့အတူ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာ်လ်ဘင်းကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သွားခဲ့ပြီး ပြည်သူများ သေဆုံးထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – ယမန်နေ့ညပိုင်း ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချစဉ်။
Photo- CJ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





