ရန်ကုန်၊ ဧပြီ ၁၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သဲတောရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံးများဖြင့် ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် သဲတောကျေးရွာပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး ၉ လုံး အပါအဝင် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိကာ နေအိမ် ၅ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
“မိတ္ထီလာ လေတပ်က တက်လာတဲ့ စက်တပ်လေထီး ၃ စီး နဲ့ သဲတောကျေးရွာ ပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး ၉ လုံး ကျဲချတာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ နေအိမ် ၅ လုံး မီးလောင် ပြာကျတယ်။ မီးလောင်ဗုံးသီးတွေ ပါပါတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


