27 C
Yangon

သင်္ကြန်အကြိုနေ့ စစ်ကောင်စီက ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိ

Must read

သင်္ကြန်အကြိုနေ့ စစ်ကောင်စီက ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိ

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ယနေ့ သင်္ကြန်အကြိုနေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုရှိကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေး ရွာကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ဆောင်နေသော နေရာကို ထိမှန်ကာ ပြည်သူများ သေဆုံးမှုမရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။

“သေဆုံးသူမရှိပါဘူး။ ဒဏ်ရာရတာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဆီရောင်းဝယ်ရေး လုပ်နေတဲ့ ပြည်သူတွေ လေယာဉ်နဲ့ ပစ်သွားတာ” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုသင်္ကြန်ကာလအတွင်း ပြည်သူများကို လေကြောင်းတိုက်ခိုက်မည့် စစ်ဆင်ရေး လုပ်ဆောင်နေပြီး လေတပ်မှ အရာရှိနှင့် တပ်သားများကို နားရက်မပေးထားကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article