ရန်ကုန်၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အောင်သာရွာကို အကြမ်းဖက် စစ်တပ်က သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ပြီး ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၂၃ မိနစ်ခန့်တွင် ဘုတလင်မြို့နယ်၊ အောင်သာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ အတွင်းရှိ နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ပြီး ကျေးရွာနေပြည်သူများကိုလည်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
” ညနေ 5နာရီလာက်က ရွာကို ဝင်စီးပြီးမီးရှို့သွားတာပါ။ နေအိမ် ၁၀ လုံးလောက် မီးထဲပါသွားပါတယ်။ ပြည်သူတွေ ထိခိုက်မှုတော့မကြားသေးဘူး။ ပြည်သူတွေကို လူသားဒိုင်း ဓားစာခံ အဖြစ်ဖမ်းသွားတယ်။ ပြည်သူ ဘယ်နှဦး ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေးဘူး” ဟု Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် နမခ ဌာနချုပ် ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန်မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
