26 C
Yangon

ဘုတလင်မြို့ပေါ်ရှိ စစ်တပ်၏ မိုး စစ်ဆေးရေးဂိတ်မှ စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ဘုတလင်မြို့ပေါ်ရှိ စစ်တပ်၏ မိုး စစ်ဆေးရေးဂိတ်မှ စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုး စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ ရွာဇော်ကြီး တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုး စစ်ဆေးရေးဂိတ်မှ စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လက်ရှိချိန်ထိ စစ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် သေဆုံးသူ မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ပစ်ခတ်လို့ သေဆုံးသူရဲ့ အမည်နဲ့ ဘယ်ကျေးရွာဆိုတာကိုတော့ အဲဒီလိုတော့မသိသေးဘူး။ အဲဒီနားမှာ ရမ်းသမ်းပစ်ခတ် နေဆဲမို့လို့ သွားကို မကြည့်နိုင်သေးတာပါ။ အချိန်ကတော့ ၅ နာရီလောက်ကပါ။ စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးတာမျိုးတော့ မကြားမိသေးဘူး။ ပြည်သူတစ်ဦး ကျည်ဆံထိမှန် သေဆုံးတာတော့မှန်တယ်” ဟု မုံရွာခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ ရွာဇော်ကြီး တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article