33 C
Yangon

အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပေး

Must read

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို ယနေ့ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ထုတ်ပြန်သည်။

ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့ အဖြစ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး နောက်တစ်ကြိမ် ပြစ်မှုကျူး လွန်ပါက သက်သာခွင့်ပေးထားသည့် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဆိုသော သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီက အခြားသော အကျဉ်းသားအကျဉ်းသူများကိုလည်း ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် အာဆီယံခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံရန်ရှိနေပြီး ယင်းတွေ့ဆုံမှုတွင် အသိ အမှတ်ပြုမှုနှင့် ချီးကျူးမှုရယူရန်အတွက် လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်လာနိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည့် အကျဉ်းသူတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည့် အကျဉ်းသူတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article