ရန်ကုန်၊ ဧပြီ ၁၇
မြန်မာရိုးရာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်အတွင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း TNLA ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
ယနေ့ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ အရှေ့ပိုင်း၊ ကဆုတ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး လာရောက်ကြဲချသွားပြီး ထိခိုက်မှုအခြေအနေကို ဆက်လက် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း TNLA က ဆိုသည်။
“ဗုံးကျဲသွားတာက မိုးကုတ် အရှေ့ပိုင်း မစိုးရိမ်ကျောင်းတိုက်နားပါ။ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်သွားတယ်။ ဂဇုတ်အနီးကိုလည်း ကျဲတယ်။ မစိုးရိမ်ကျောင်းတိုက်နဲ့ နန်းနွှဲအကြား ရွှေလိပ်ပြာအောက်တကြောဘက်ကိုလည်း ကျဲသွားတယ်” ဟု မိုးကုတ်ဒေသခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့ မှ ဧပြီလ ၂၂ ရက်နေ့ အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်စဲခဲ့သော် လည်း TNLAအုပ်ချုပ်သော မြို့ နယ်များသို့ စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်နေကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
