ရန်ကုန်၊ ဧပြီ ၁၇
မကွေးတိုင်း၊ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက် ရဲစခန်းအနီးတွင် စစ်ကြောင်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ် တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးအဖွဲ့မှ ရဲဘော်ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ပေါက်မြို့ ရွှေပေါက်ပင် ရပ်ကွက် ရဲစခန်းအနီးတွင်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲ ၁ ဦးနှင့် ပျူစောထီး ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ရဲနှင့် ပျူစောထီး ၄ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“မိုင်းက ၂ လုံးထောင်ထားတာ တစ်လုံးက ခွဲမရလို့ ကျန်နေပါသေးတယ်။ ရဲခွေး ၁ ကောင်နဲ့ ပျူစောထီးခွေး ၁ ကောင် ပွဲချင်းပြီး သေဆုံးပါတယ်” ဟု ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ တကိုယ်တော်ကျားဇိုး (LDF) ဦးဆောင်ပြီး ပေါက်မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
