27 C
Yangon

ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံးပြီး အပျက်အစီးများပြား၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်

Must read

ရန်ကုန်၊ ဧပြီ ၁၇

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အပျက်အစီးများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များသို့ ထိမှန်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးကာ အပျက်အစီးများပြားကြောင်း သိရှိရသည်။

“မနေ့ည၇ခွဲဝန်းကျင်လောက်မှာ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ကို လေယာဉ်နဲ့ ရွာထဲကို ဗုံးလာကျဲချတာ။ ပြည်သူ ၂ ဦးသေဆုံးပါတယ်။ ပွဲချင်းပြီးပါပဲ။ အပျက်အစီးတွေလည်းများတယ်။ နွားတွေလည်း သေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ညနေပိုင်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သဖြင့် နေအိမ် ၇ လုံးထက်မနည်း ပျက်စီးသွားကြောင်း မင်းတပ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ် Hkl-မင်းတပ်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် နေပြည်တော်အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ်ဖြင့် မင်းတပ်မြို့ပေါ် တစ်နေရာကို ဗုံး ၂ လုံးကျဲချပြီး လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့်အရပ်သားပြည်သူ့နေအိမ် ၇ လုံးဝန်းကျင်ခန့် ထိခိုက်ပျက်ဆီးသွားကြောင်း၊ စစ်ကောင်စီက မင်းတပ်မြို့ နှင့် ကန်ပက်လက်မြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ် ဆောင်နေသဖြင့် ပြည်သူများ သတိပြုကြရန် မင်းတပ် တော်လှန်ရေးသတင်းရင်းမြစ်က သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article