27 C
Yangon

အထက် မင်းလှမြို့နယ်တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဧပြီလ ၁၇

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှု ကြောင့် ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၂ ရက်နေ့က အထက်မင်းလှမြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ – ကပစ များမှ စစ်သားအင်အား ၈၀ ခန့်စုဖွဲ့ကာ သင်္ကြန်ကာလအတွင်း စစ်ကား ၄ စီးဖြင့် ပဒါန်း – ကန်တုတ် – ရှမ်းတပ်နယ် ပုသိမ် -မုံရွာလမ်းမကြီးပေါ်စစ်ကြောင်းထိုးလာမှုကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက ဧပြီလ ၁၄ ရက်နေ့ညနေ ၃ နာရီခန့်တွင် ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၃၀ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဧပြီလ ၁၄ ရက် ညနေ ၃ နာရီလောက်က ထိတွေ့မှုဖြစ်တာပါ၊ ရန်သူအင်အားက ၈၀ လောက်၊ ကားတန်း က ၄ စီးပါ၊ တိုက်ပွဲဖြစ်တာက ပဒါန်း – ကန်တုတ် -ရှမ်းတပ်နယ် ပုသိမ် -မုံရွာလမ်းပိုင်းမှာပါ။ မင်းလှ၊ မင်းတုန်းနယ်အတွင်းက ရွာတွေကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို အကုန်ဝင်ခိုးတဲ့ စစ်ကြောင်းပါ၊ အဖိုးတန် ရွှေငွေ ၊အဝတ်အစားကအစ အကုန်ယူတယ်။ မင်းလှမြို့နယ် ပုသိမ် -မုံရွာ လမ်းနဲ့နီးကပ်တဲ့ ချမ်းကုန်းရွာတို့ အောက်ကိုင်ရွာတို့ စတဲ့အဲဒီရွာတွေက ပြည်သူပိုင်ပစ္စည်းတွေ ခိုးခံ ရတယ်။” ဟု အထက်မင်းလှမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းအား ခုခံတိုက်ခိုက်သည့်နည်းတူ အကြမ်းဖက် စစ် တပ်စစ်ကြောင်းများကို လက်ခံပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသော အထက်မင်း လှမြို့နယ်၊ ရှမ်းတပ်ကြီးတိုက်နယ်ရဲစခန်းကို သတိပေးဟန့်တားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထက်မင်းလှ)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ် လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် လက်ရှိကြုံတွေခံစားနေရသော သဘာဝဘေးအန္တရာယ်များ၊ ဖက်ဆစ်စစ် တပ်၏ မတရားသဖြင့် ဖိနှိပ်မှုများအား ပြည်သူလူထု၏ညီညွတ်မှုအားဖြင့် ရင်ဆိုင်ကျော်ဖြတ်ကြပါ ရန် နှင့် လုံခြုံရေးအသိ သတိဖြင့် ကြိုတင်ပြင်ဆင်ထားကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

တော်လှန်ရေး ညီနောင်မဟာမိတ် ပြည်သူ့ကာကွယ်ရေး အင်အားစုများအနေဖြင့်လည်း ပြည်သူတစ် ရပ် လုံး၏ ဒုက္ခဆင်းရဲဟူသမျှကို အဆုံးအထိ မျှဝေခံစား ၊ ကာကွယ်စောင့်ရှောက်ရင်း တော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်အနေဖြင့် ကူညီကယ်ဆယ်ရေး စီမံဆောက်ရွက်မှုများအတွက် ငွေကြေးသုံးစွဲရန် အခက်အခဲရှိနေသော် လည်း လက်နက်ကြီးများ၊ လေယာဉ်များ၊ မြေပြင်စစ်ကြောင်းများဖြင့် များပြား လှသည့် စစ်အသုံးစရိတ်များ သုံးစွဲကာ ပြည်သူ၏ အသက်အိုးအိမ်များအား ထိခိုက်ပျက်ဆီးစေသည့် လုပ်ရပ်ကို စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ ကြားသိနေရကြောင်း အသိပေးထားသည်။

အထက်မင်းလှမြို့နယ်အတွင်းရှိ ပုသိမ် မုံရွာ လမ်းဘေး တလျောက်ရှိ ကျေးရွားများနှင့် ပြည်သူလူထု များကိုလည်း မြေပြင်စစ်ကြောင်းများ၊ ဒရုန်းများဖြင့် စစ်ကြောင်းထိုးကာ တိုက်ခိုက်မှုများ အကြိမ် ကြိမ်ပြုလုပ်ခဲ့သည့်အပြင် ရပ်သူရွာသား ပြည်သူလူထု၏ ပိုင်ဆိုင်မှု ချွေးနဲစာများကိုပါ သူခိုး ဓားပြ ဆန်ဆန် အဓမ္မသိမ်းပိုက် ယူဆောင်ခြင်း၊ ပေါ်တာဆွဲကာ ငွေကြေးဖြင့်ပြန်လည်ရွေးယူစေ လုပ်ရပ် များကို စစ်ကောင်စီတပ်သားများက ဆက်တိုက်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article