ဒီကနေ့ ဧပြီ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနှစ်သစ်မှာ ငလျင်ဒဏ်ကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ရုံးဌာနတွေ ပြန်လည် တည်ဆောက်ဖို့ နဲ့ လမ်းပန်းဆက်သွယ်မှုလုပ်ငန်းတွေ ပြန်လည်တည်ဆောက်ဖို့ အားသွန်ခွန်စိုက် လုပ်ရတော့မယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင် ကပြောလာပြန်ပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်က ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံမှာ သွားရောက်မတွေ့ဆုံခင် ပုံမှန် နှစ်ဆန်းတစ်ရက်နေ့ လုပ်နေကျအတိုင်း အကျဉ်းသားအကျဉ်းသူ ၄၈၀၀ ကျော်နဲ့ နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်ဆိုပြီး အရင်ဆုံး ထုတ်ပြန်လာပါတယ်။
- သင်္ကြန်ကာလအတွင်း ပဲခူးတိုင်းနဲ့ မကွေးတိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှုးတွေပေါင်းပြီး စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ် အယောက် ၂၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူ လူငယ်တွေနဲ့နီးစပ်သူတွေက ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
