26 C
Yangon

ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးခေါင်း ဆောင် ဌေးဝင်းသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၇

တနင်္သာရီတိုင်း ၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဌေးဝင်းသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း တနင်္သာရီမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဧပြီလ ၁၆ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာ အခြေ စိုက် ရွှေဂဲညိုရွာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ ပျူစောထီးခေါင်းဆောင် ဌေးဝင်းသေဆုံးပြီး ကျန်ပျူစောထီးများ ထွက်ပြေးသွားကြောင်း သိရသည်။

“အင်အားက ၁၀ ယောက်ကျော်ကျော်လောက်ပဲရှိတာ၊ ပျူစောထီးခေါင်းဆောင်တစ်ယောက်သေတာ၊ ကျန် တဲ့ သူတွေက လက်နက်ခဲယမ်းတွေအားလုံးကို ထားခဲ့ပြီးပြေးတာ။ ကျနော်တို့ဘက်ရဲဘော်တွေ အားလုံး ပြန်ဆုတ်လာပြီ။ ကျနော်တို့ဘက်ရဲဘော်တစ်ယောက်တော့ ပေါင်မှာ ထိခိုက်ဒဏ်ရာ ရ တယ်။ မစိုးရိမ်ရဘူး” ဟု တနင်္သာရီမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်းမှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးများကိုင်ဆောင်သော AK အမျိုးအစား သေနတ် ၅ ၊ ကာဘိုင် အမျိုးအစား သေနတ် ၁ လက်၊ M16 အမျိုးအစား သေနတ် ၃ လက် ၊ 79 မမ လောင်ချာ အမျိုးအစား သေနတ် ၁ တစ်လက်၊ 40 မမ ဗုံးသီး ၅ လုံး၊16 ကျည် ၂၀ တောင့် ၊ ကာပိုင်ကျည် ၇ တောင့်၊ အီကွေးမင်း ၁ စုံ၊ 16 ကျည်ဘောက် ၂ ခု၊ စကားပြောစက် ၁ လုံး နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article