27 C
Yangon

ကျုံဒိုး၊ ကမ်းနီးကျေးရွာနှင့် သရက်တောကျေးရွာကို နှစ်ဆန်း ၁ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီးကျေးရွာနှင့် သရက်တောကျေးရွာကို ယနေ့ နှစ်ဆန်း ၁ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျုံဒိုးမြို့၊ ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိ ကမ်းနီ ကျေးရွာနှင့်သရက်တောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် သရက်တောကျေးရွာသားအမျိုးသား ၁ ဦးသေဆုံးပြီးကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” မနက်အစောကြီးကတည်းက လေယာဉ် ပတ်ပျံပြီးတော့ နံနက် ၈ နာရီလောက်မှာ ဗုံး ၂လုံးကျဲတယ်။ ကွင်းစပ်ကိုကျပေါက်တာမှာ ခြံထဲကျပြီး ၃ ဘီးမောင်းတဲ့ ဦးလေးတစ်ယောက်ထိပြီးဆုံးတယ်။ ကလေး ၂‌‌ ယောက်အစမှန်တယ်။ ဒီဘက်ကမ်းမှာက တိုကိပွဲမရှိဘူး။ PDFလည်းမရှိဘူး။ မွန်အဖွဲ့ လည်းမရှိဘူး။ တိုက်ပွဲလည်းမရှိဘဲပစ်ချတာ။ ကမ်းနီ ကိုလည်းပစ်ချတယ်” ဟု သရက်တောရွာမှ ဒေသပြည်သူများက ပြောဆိုသည်။

လက်ရှိတွင် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများဘက်သို့ ဘားအံ မြို့ဘက်မှ စစ်တပ်အင်အား ရာနှင့်ချီ ဖြည့် တင်းနေကြောင်း၊ ဂျိုင်းမြစ်၊အထ္ထရံ မြစ်၊ဟောင်သရောမြစ်ဆုံ သည့် ဂျိုင်းမြစ်ဝနေရာတွင် နေဗီကမ်းထိုးစစ်ရေယာဉ် ၂စီး၊ တိုက်ကင်းရေယာဉ်ငယ်တစ်စီးဖြင့်လည်း စစ်အင်အား ဖြည့်တင်းနေကြောင်း ၊ကျုံဒိုး၊ကော့ကရိတ်လမ်းပိုင်းနေရာများတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများကျပေါက်ကွဲကြောင်း သိရှိရသည်။

” မနေ့ကညနေပိုင်းကတည်းကဖားအံပိုင်ဂျိုင်းတံတား၊ကျားကလေးဘက်အခြမ်း မှာ ဘားအံဘက်ကနေ စစ်ကူ ၂၀၀ လောက်ရောက်နေတာကနေ ကျုံဒိုးဘက်ကိုဝင်လာနေတယ်။ ဂျိုင်းမြစ်ဝမှာက စစ်သင်္ဘော ၃စီး ရောက်နေတယ်။ ကျုံဒိုးကော့ကရိတ်လမ်းမမှာကစစ်တပ်ဂိတ်တွေမရှိတော့ဘူး” ဟုကျုံဒိုးမှ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

သင်္ကြန်ကာလအတွင်း ကျုံဒိုးမြို့၊ ကျေးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးကျဲမှုနှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၁၅ ဦးခန့် သေဆုံးပြီး ရဟန်းသံဃာ ၁၀ပါး အပါအဝင် ပြည်သူ ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article