ရန်ကုန်၊ ဧပြီ ၁၇
အကြမ်းဖက်စစ်ကောင်စီ၏ ယနေ့ နှစ်သစ်ကူး လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းအောက် သာ လွတ်မြောက်နိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများ ကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်ကောင်စီက နှစ်ဆန်း ၁ ရက်နေ့တွင် ပုံမှန်လုပ်ဆောင်လေ့ရှိသည့် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းအောက်သာ ပါဝင်ကြောင်း ၊ အကြမ်းဖက်စစ်တပ်သည် ဧပြီလ ၁၇ ရက်နေ့ မြန်မာ့ နှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၄၈၉၃ ကို လွတ်ငြိမ်းခွင့် ပေးကြောင်း ထုတ်ပြန်ထားသော်လည်း လွတ်ငြိမ်းခွင့်ပြုသည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားများ အနည်းအကျဉ်းမျှသာ ပါဝင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ပါဝင်မှုအတော်လေး နည်းတယ်ဗျ။ ၅ ရာခိုင်နှုန်းအောက်လောက်ပဲ ပါနိုင်တယ်။ ၅ ရာခိုင်နှုန်းအောက်တောင်မှ အခု အတော်လေး ကြိုးစားပြီးတော့ အခု နိုင်ကျဉ်းတွေ စာရင်းကို စောင့်ကြည့်တဲ့အခါမှာ ၅ ရာခိုင်နှုန်းအောက်လောက်ပဲ ပါလာနိုင်ခြေရှိတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိ အချိန်အထိ ကနဦး ရရှိစာရင်းအရ နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းစာရင်းသည် ပေါင်းတည် အကျဉ်း ထောင်တွင် နိုင်ငံရေးအကျဉ်းသား ကျား ၂ ဦး၊ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကျား ၁ ဦး နှင့် မ ၁ ဦး၊ ပြည်အကျဉ်းထောင်တွင် ကျား ၅ ဦးနှင့် မ ၄ ဦး၊ ပခုက္ကူအကျဉ်းထောင်တွင် ကျား ၄ ဦးးနှင့် မ ၁ ဦး ၊ ညောင်ဦးအကျဉ်းထောင်တွင် ကျား ၂ ဦး နှင့် မ ၂ ဦး လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
