ရန်ကုန်၊ ဧပြီ ၁၇
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တရော်ပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ် တရော်ပင်ရွာ မြောက်ဘက် နားဂါးမောက်တောဂ် မုဒ်ပေါက်အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။
“တရော်ပင်ရွာ မြောက်ဘက် နားဂါးမောက်တောဂ် မုဒ်ပေါက်အနီးကို လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာ အခြေအနေတွေတော့ မစိုးရိမ်ရတော့ဘူးလို့ သိရတယ်” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







