27 C
Yangon

ကန့်ဘလူတွင် နာရေးအိမ်မှ ပြန်လာသည့် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် နာရေးအိမ်မှ ပြန်လာသည့် ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ခအုံးတာရွာမှ ပြည်သူ အမျိုးသား ၃ ဦးသည် နာရေးအိမ်မှ ပြန်လာစဉ် ငှက်ပျောတိုင်းရွာသစ်နှင့် ပေကြီးရွာ အကြား အကြမ်းဖက် စစ်တပ် ကင်းပုန်းက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသတ်ဖြတ်ခဲ့သော ပြည်သူ ၂ ဦးသည် ခအုံးတာရွာမှ အသက် ၂၈ နှစ်အရွယ် ကိုနေလင်းဦး နှင့် အသက် ၃၉ နှစ်အရွယ် ကိုချစ်နိုင် တို့ဖြစ်ပြီး ကျန် ၁ ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ငှက်ပျောတိုင်းရွာသစ်နှင့် ပေကြီးရွာ အကြားရှိ လမ်းဘေးတွင် ရုပ်အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

” နာရေးကအပြန် စစ်ခွေး ကင်းပုန်းနဲ့ တွေ့ပြီး အသတ်ခံရတာ သူတို့ သုံးယောက်က ဆိုင်ကယ် နှစ်စီးနဲ့ နာရေးက အပြန်ဝက်သား ၅ ပိဿာ ဝယ်ပြီးပြန်လာတာ ရှေ့က ဆိုင်ကယ်က လူနှစ်ယောက် ဝက်သားငါးပိဿာနဲ့ နောက်ကဆိုင်ကယ်တစ်စီးက လူတစ်ယောက်တည်း စစ်ခွေး ကင်းပုန်းက လူ ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကို တားပြီးတော့ ရှေ့က‌လူ ၂ ဦး ကို ဖမ်းဆီး သတ်ဖြတ်လိုက်တာ နောက်က တစ်ယောက်ကတော့ လွတ်သွားတယ်” ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article