ရန်ကုန်၊ဧပြီ ၁၇
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါရှိ အကြမ်း ဖက် စစ်ကောင်၏ စစ်တပ် စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးက သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၁၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်မှုထမ်းတပ် သားသစ် ၁ ဦးသည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ပဲခူးခရိုင် ၊ အမှတ် ၂ တပ်ရင်း ၊ P2-3702 ထံသို့ အလင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားက MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ခု ၊ 5.56 ကျည် ၉၆ တောင့်တို့ကို ယူဆောင်လာခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျထပ်မံအလင်းဝင်လာသည့်အတွက် ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ ပြည့်သူရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
“အခုအလင်းဝင်တဲ့ တပ်သားက သူက ပေါင်းတည်မြို့နယ် ကြူတောကန်အုပ်စု နတ်ပုတီးကျေးရွာပါ။ အပတ်စဉ် ၇ ကပါ။ အပတ် စဉ် ၇ပေါ့။ သူတက်ခဲ့တဲ့ သင်တန်းက အုတ်တွင်း စကခ ၆လို့ပြောတယ်။ သူကိုဂုဏ်ပြုချီးမြှင့်ငွေ မချီးမြှင့်ရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီးတော့လုပ်နေတယ်။ အဆွဲခံရတာ သူ က အိမ်ပေါ်အထိကို သူကို တက်ဆွဲသွားတာပေါ့နော်။ ဘာအပြစ် ဘာပြစ်မှုမှလည်းမရှိဘဲ သူ့ကိုအဲဒီလို ည ၇နာရီ လောက်မှ အိမ်ပေါ်တက်ပြီးဆွဲသွားတယ်ပြီးတော့ လက်ထိပ်ခတ် ပြီးခေါ်သွားတယ်။ ပြီးတော့ စုဆောင်းရေးဌာန စုဆောင်းရေးကို ပို့ခံလိုက်ရတယ်။ အသက်ကတော့ ၂၈နှစ်ပါ။ အခုလို အလင်း ဝင်တဲ့သူတွေအနေနဲ့ အရင်လိုပဲ ကျွန်တော်တို့ပြောသလိုပဲ။ သူတို့ ဘက်ပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့နဲ့ ကြိုတင်ချိတ်ဆက်ပေါ့နော်။ ပြီးတော့ အဲဒီတော့ သူတို့ စခန်း စစ်ကောင်စီ စခန်းအနီးအနားတွေမှ ကျွန်တော်တို့ စခန်းတွေ ကျွန်တော် စစ်ကွက် တွေရှိတယ်ဆိုတော့။ ပြီးတော့ တပ်ရင်း Page နေလည်းချိတ်ဆက်ပြီးတော့ အကူအညီတောင်းလို့ရတယ်။ သူတို့နောက်မှ ကျန်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေကအလင်းဝင်ချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုရင်၊ အဲဒီလိုချိတ်ဆက်ပြီးတော့ pageကနေတစ်ဆင့် ချိတ်ဆက်ပြီးဝင်လို့ရပါတယ်လို့ အကြောင်းလေးပြောချင်ပါတယ်”ဟု ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ ဒုတပ် ရင်းမှူးကပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီထံတွင် မိမိ၏ ဆန္ဒမပါဘဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသော စစ်မှုထမ်းတပ်သားများအနေဖြင့် အလင်းဝင်ကြရန် ၊ အလင်းဝင်ပါက နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်များက အသိပေးထုတ်ပြန်ထား သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
