33 C
Yangon

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ နံနက်ပိုင်း တွေ့ဆုံမည်

Must read

ရန်ကုန်၊ ဧပြီ ၁၈

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ နံနက်ပိုင်း တွေ့ဆုံမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းလွှတ်တော်အမတ် Kannavee Suebsangတို့၏ လူမှုကွန်ရက်မှ တစ် ဆင့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မလေးရှားဝန်ကြီးချုပ် အန်နဝါက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့် ဧပြီလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှာ ပွင့် လင်း မြင်သာပြီး အပြှုသဘောဆောင်ကြောင်း၊ မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကွင်းဆင်း ဆေးရုံတစ်ခု ဖွင့်လှစ်ရေး ဆွေးနွေးခဲ့သည့်အပြင် တိုင်းပြည် မူလအခြေအနေ ပြန်လည် ရောက်ရှိရေး အရေးကြီးမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်နှင့် တွေ့ ဆုံမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူများ အကျိုး စီးပွားနှင့် တိုင်းပြည်တည်ငြိမ်ရေးအတွက် သက်ဆိုင်သူများအားလုံး ဆွေးနွေးညှိနှိုင်းရေး ဆက် လက်တွန်း အားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းလွှတ်တော်အမတ် Kannavee Suebsang ကမူ အာဆီယံဥက္ကဋ္ဌ အနေ ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးချုပ်နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ ဆုံ ဆွေးနွေးမည်ဟု သိရှိထားကြောင်း၊ မြန်မာပြည်ငြိမ်းချမ်းမှု တည် ဆောက်ရေးအတွက် ကောင်းမွန်သော လက္ခဏာဖြစ်ကြောင်း သတင်းထုတ်ပြန်ထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article