33 C
Yangon

ရေနံချောင်းမြို့နယ်တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်က လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် ဝင်ရောက်ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်က လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန် ရေနံချောင်းမြို့နယ်၊သုံးဆယ့်ခြောက်ကျေးရွာမှ လူငယ် ၂ ဦးဖြစ်သည့် ကိုဇေ၊ ကိုတရုတ်ကလေးလေး ခေါ် ကိုဇော်ထက်အောင်တို့ကို နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး အတင်းအကျပ် ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် မည်သည့် ပြစ်မှုမှတ်တမ်းနှင့် ပြစ်မှု ကျူးလွန်မှုမရှိဘဲ စစ်မှုထမ်းခိုင်းရန်အတွက် အဓိက ဦးတည်၍ ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” (ဧပြီလ) ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ရေနံချာင်း၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းရဲ့ ရဲအုပ် ချမ်းမြေ့အောင်က သုံးဆယ်ခြောက်ကျေးရွာထဲဝင်ပြီးတော့ ကိုဇေ နဲ့ ကိုတရုတ်ကလေးကို ဝင်ဖမ်းသွားပါတယ်။ ဘာပြစ်မှုမှ မရှိပါဘူး။ စစ်မှုထမ်းအပတ်စဉ် ၁၂ မှာ စစ်မှုထမ်းခိုင်းဖို့လို့ တော့ မိသားစုဝင်တွေကို ပြောသွားပါတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

ရေနံချောင်းမြို့နယ်တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှူး ချမ်းမြေ့အောင်က စစ်မှုထမ်းတပ်သားသစ်စုဆောင်းခြင်း၊ တပ်သားသစ်အဖြစ် စစ်မှုမထမ်းလိုပါက ငွေပေးရန် ခြိမ်းခြောက်တောင်းခံခြင်း၊ ရေနံချောင်း ပင်းချောင်းတံတားဂိတ်တွင် ဂိတ်ချ၍ လမ်းသွားလမ်းလာ ပြည်သူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

” ရေနံချောင်းမှာ လက်မှတ်ကုန်းစခန်းမှူးက တပ်သားသစ်စုဆောင်းတာတွေနဲ့ ငွေတောင်းခြင်းများကို အရမ်းကို လုပ်နေတယ်။ နောက်ပြီးတော့ ရေနံချောင်း ပင်းချောင်းတံားဂိတ်မှာ ဂိတ်ချပြီးတော့ ပြည်သူများသွားလာရေးအတွက် မသွားမလာရဲအောင်အထိ ငွေညှစ်တာ၊ ရိုက်နှက်တာတွေ လုပ်နေပါတယ်။ အရမ်းကို ဆိုးဝါးနေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရေနံချောင်းမြို့နယ်မှ နယ်မြေခံ တပ်ကလည်း ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး၍ လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း၊ ကျေးရွာများတွင် လူငယ်များကို ဝင်ရောက် ဖမ်းဆီးပြီးနောက် ရေနံချောင်းမြို့ပေါ်တွင် စစ်မှုထမ်းတပ်သားသစ် လူစားထိုး အရောင်းအဝယ်စျေးကွက်ကိုလည်း စစ် တပ်၊ ရဲနှင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ရောင်းချမှုများ လုပ်ဆောင်နေကြကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – မန္တလေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article