33 C
Yangon

ရန်ကုန်တွင် KBZဘဏ်ဝန်ထမ်း သက်သက်ဇော်နှင့် ခင်ပွန်း စစ်ဗိုလ် အောင်ပြည့်စုံတို့က လူပေါင်း ၃၀ ကျော်ထံမှ ၁၀ ရာခိုင်နှုန်း အမြတ်ပေးသည့် ပုံစံဖြင့် ငွေကြေးစုဆောင်း လိမ်လည်၊ ငွေကျပ် သိန်းထောင်သောင်းချီပါသွား

Must read

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တွင် KBZဘဏ်ဝန်ထမ်း သက်သက်ဇော်နှင့် ခင်ပွန်း စစ်ဗိုလ် အောင်ပြည့်စုံတို့က လူပေါင်း ၃၀ ကျော်ထံမှ ၁၀ ရာခိုင်နှုန်းအမြတ်ပေးသည့်ပုံစံဖြင့် ငွေကျပ် သိန်းထောင်သောင်းချီ လိမ်လည်သွားကြောင်း လိမ်လည်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် KBZ ဘဏ်က ဘဏ်အကောင့်အဟောင်းများ(Old Account) ထံမှ ငွေကြေးထုတ်ယူမှုများကို ကန့်သတ်ထားခဲ့ကြောင်း၊ ယင်းနောက် KBZ ဘဏ်တွင် ငွေကြေးအပ်နှံထားသူများက ဘဏ်အတွင်း မိမိတို့၏ ပိတ်မိနေသော ငွေကြေးများကို ဘဏ်မှ ပြန်ထုတ်နိုင်ရန် ရာခိုင်နှုန်းပေး၍ ထုတ်ယူနိုင်ရန် ရန်ကုန်မြို့၊ ပါရမီ ချော်တွင်းကုန်း KBZ ဘဏ်ဝန်ထမ်း သက်သက်ဇော်က လုပ်ဆောင်ပေးခဲ့ကြောင်း၊ ယင်းနောက် ယုံကြည်မှုကို ရယူကာ ရာခိုင်နှုန်းဖြင့် အမြတ်ပေးသည့်ပုံစံဖြင့် ငွေကြေးများ ထည့်ဝင်စေကြောင်း၊ ယင်းနောက် ထည့်ဝင် လည် ပတ်ငွေမှာ ငွေကျပ်သိန်းသောင်းချီ ဖြစ်လာချိန်တွင် ငွေကြေးအားလုံး လိမ်လည် တိမ်းရှောင်သွားခြင်းဖြစ် ကြောင်း သိရှိရသည်။

ငွေကြေးလိမ်လည်သူ KBZ ဘဏ်ဝန်ထမ်း သက်သက်ဇော်၏ ခင်ပွန်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် ၃၉၀ ခြေမြန်တပ်ရင်းမှ စစ်ဗိုလ် အောင်ပြည့်စုံဖြစ်ပြီး လက်ရှိအချိန်တွင် လင်မယား ၂ ဦးလုံးက ရှောင်ပြေးနေခြင်းဖြစ်ကြောင်း

“ဘဏ်တွေက ငွေထုတ်တာတွေကို Limit လုပ်ကန့်သတ်လိုက်တော့ ရာခိုင်နှုန်းတွေနဲ့ အပြင်တွေမှာ ပေးရတယ်လေ ။ ရာခိုင်နှုန်းပေးပြီး ကိုယ်ကြိုက်သလောက်ထုတ်ပေါ့။ အဲဒီပုံစံနဲ့ ငွေဘယ်လောက်ထည့်ထားရင် ငွေကြေး ဘယ်လောက် ရာခိုင်နှုန်း အမြတ်ရမယ်ဆိုပြီး ပေးတယ်။ အဲဒီကနေ ငွေတွေ ထည့်ခိုင်းတာပေါ့။ အစကတော့ အမြတ် ရာခိုင်နှုန်းတွေ ပေးနေတော့ ဪ မဆိုးဘူးပေါ့။ သူလည်း KBZ ဝန်ထမ်းဆိုတော့ မလိမ်လောက်ပါဘူးဆိုပြီး လူတွေကို ငွေတွေ အများကြီး ထည့်တယ်။ ဒီမတ်လ ၂၈ ရက်နေ့ ငလျင်ဖြစ်ပြီးမှ ငွေတွေအားလုံး လိမ်သွားတာ” ဟု ကိုယ်တိုင်လိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

လက်ရှိတွင် ငွေကြေးလိမ်လည်သူ စစ်ဗိုလ်အောင်ပြည့်စုံနှင့် ဇနီးသက်သက်ဇော်တို့က ဖေ့ဘုတ်စ် အကောင့်များကိုပါ ဖျက်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ စစ်ဗိုလ်အောင်ပြည့်စုံ၏ မိဘအိမ်သို့ သွားရောက် မေးမြန်းသော်လည်း တာဝန်ယူမှုမရှိကြောင်း၊ စစ်ဗိုလ်၏ မိဘများသည်လည်း ရဲမှူးဟောင်း ဇော်ထွန်းနှင့် အငြိမ်းစား ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ငွေကြေးလိမ်လည်သူ ဘဏ်ဝန်ထမ်း သက်သက်ဇော်မှာ KBZ ဘဏ်တွင်လည်း မရိုးမသားလုပ်ဆောင်မှုဖြင့် အမှုဖွင့်ခံခဲ့ရဖူးသူဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ယင်းသတင်းနှင့်ပတ်သက်၍ KBZ ဘဏ်ဘက်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း မည်သူကမှ တာဝန်ခံ ဖြေဆိုခြင်းမပြုပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article