33 C
Yangon

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီပြောင်းရွှေ့၊ ၆ လအတွင်းရုံးများ ပြန်ဆောက်မည်ဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၁၈

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီ ပြောင်းရွှေ့လာပြီဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်း အတည်ပြုပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် လုံး၀ ပြိုကျပျက်စီးသွားသော ဝန်ကြီးဌာနရုံးများအနက်မှ ဟိုတယ်ခရီး၊ နိုင်ငံ ခြား ရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့်ဝန်ထမ်းများကို ရန်ကုန်ရုံးများသို့ ယာယီ ပြောင်းရွှေ့ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်မှာ နောက်ချန်ရုံးရှိတဲ့ ဝန်ကြီးဌာနတွေက ယာယီ ပြောင်းလာကြပြီ။ အခု ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနဲ့ လ၀က အရာရှိနဲ့ ဝန်ထမ်းတွေ ရန်ကုန်ကို ရွှေ့ကြပြီ။ နေပြည်တော်ဝန်ကြီးရုံးတွေက ၆ လအတွင်း ပြန်ဆောက်မယ် လို့ပြောတယ်။ အခုပြောင်းတာက ရုံးဆောက်နေတဲ့ကာလမှာ ယာယီ ပြောင်းရွှေ့ပြီး အလုပ်လုပ်တာဖြစ်တယ်” ဟု ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ထို့ပြင် နေပြည်တော်တွင် ဝန်ကြီးရုံး ပျက်စီးနေသော ဝန်ကြီးဌာနတချို့လည်း မကြာမီ ရန်ကုန်ရှိ နောက်ချန်ရုံးများနှင့်ပူးတွဲ အလုပ်လုပ်ရမည်ဖြစ်ပြီး ယင်းသို့ ရန်ကုန်သို့ ပြောင်းရွှေ့ခြင်းမှာ ရန်ကုန်သို့ အုပ်ချုပ်ရေး မြို့တော် ပြောင်း ရွှေ့ခြင်းမဟုတ်ဘဲ ရုံးများ ပြင်ဆင်တည်ဆောက်နေသည့်ကာလအတွင်း ယာယီ ရုံးအထိုင် ပြောင်းရွှေ့ခြင်းသာ ဖြစ်ကြောင်း၊ ပျက်စီးနေသော ဝန်ကြီးဌာနရုံးများ ပြန်လည် တည်ဆောက်ပြီးစီးပါက ဝန်ထမ်းအားလုံး နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် လူနေအိမ်ပေါင်း ၆၀၀၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃၅၁၄ ကျောင်း၊ စာသင်ကျောင်း ၂၃၆၆ ကျောင်း၊ ဌာနဆိုင်ရာ/ရုံး အဆောက်အအုံ ၃၆၇၈ လုံး၊ တံတားပေါင်း ၁၅၅ စင်း၊ ဘုရားစေတီ ၅၆၂၀ ဆူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – နေပြည်တော်တွင် ငလျင်ကြောင့် ပျက်စီးသွားသော ဝန်ကြီးဌာနရုံးတစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နေပြည်တော်တွင် ငလျင်ကြောင့် ပျက်စီးသွားသော ဝန်ကြီးဌာနရုံးတစ်ခု။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article