33 C
Yangon

မကွေးအကျဉ်းထောင် တိုက်ခိုက်ခံရပြီးနောက် နိုင်ငံရေးအကျဉ်းသား ကိုအောင်ခန့်ဦး(ခ)ပါလေးနှင့် ဦးဝင်းမြင့်လှိုင်(ခ) ကိုကိုလှိုင်တို့ကို စစ်ကောင်စီက အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက် ညှဉ်းပန်းနေ

Must read

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း၊ မကွေးမြို့ ဗဟိုအကျဉ်းထောင်(ခ)ဒေါင်းနေအကျဉ်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ကိုအောင်ခန့်ဦး (ခ)ပါလေးနှင့် ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုကိုလှိုင်တို့ကိုစစ်ကောင်စီက အသက် အန္တရာယ်စိုးရိမ်ရသည်အထိ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၃ ရက်နေ့ ညပိုင်း မကွေးမြို့၊ မကွေး-ရေနံချောင်းလမ်းမဘေးရှိ မကွေးဗဟိုအကျဉ်းထောင် (ခ) ဒေါင်းနေအကျဉ်းထောင်နှင့် မျက်နှာချင်းဆိုင်ရှိ အမှတ် ၂၅ ရဲတပ်ရင်းကို ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့နှင့်မဟာမိတ်ပူး ပေါင်း တပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်အာဏာပိုင်များနှင့် အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံတပ် သားများက အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်ခြင်း၊ တိုက်ပိတ် ထားကြောင်း၊ ဗိဿနိုး PDF ခေါင်းဆောင်ဟောင်း ကိုအောင်ခန့် ဦး (ခ) ပါလေးနှင့် NLD ပါတီမှ မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုလှိုင်လှိုင်တို့မှာ အသက်အန္တရယ်စိုးရိမ်ရသည်အထိ အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း သိရသည်။

“စကစနဲ့ ထောင်ပိုင်တွေက ဒီလိုလာတိုက်တာဟာ ထောင်ထဲကလူတွေနဲ့ချိတ်ဆက်ပြီး ပစ်တယ်ဆိုပြီး နှိပ်စက်နေတာ။ တကယ်က ဒီပစ်တဲ့အဖွဲ့က ဒီမြို့နယ်ကအဖွဲ့တွေနဲ့လည်းချိတ်ဆက်မှုမရှိဘူး။ ဆက် စပ်မှုမရှိဘူး။ သူတို့က လုပ်ချင်လို့လာလုပ်တာမှာ ဒီထောင်တွင်းလူတွေကို အငြိုးနဲ့နှိပ်စက်တာပေါ့၊ ဒီလိုနှိပ်စက်တာမှာ နိုင်ငံရေးအကျဉ်း သားတွေကိုပဲ အဓိကဦးတည်ပြီးတော့ ညှင်းပန်းနှိပ်စက်တာ။ နှိပ်စက်ခံတဲ့အထဲမှာ အောင်ခန့်ဦး (ခ)ပါလေးက အဓိက နှိပ်စက်ခံသူဖြစ်ပြီးတော့ အသက်အန္တရာယ် ပါစိုးရိမ်နေတဲ့အနေအထားအထိဖြစ်နေတာ၊ ဒုတိယတစ်ယောက်ကတော့ ကိုလှိုင်လှိုင်ပေါ့၊” ဟု အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်သားများ၏ ညှင်းပန်းနှိပ်စက်ခံနေရသော ဗိဿနိုး PDF ခေါင်းဆောင် ဟောင်း ကိုအောင်ခန့်ဦး (ခ) ပါလေးသည် ထောင်ဒဏ် ၂၀၃ နှစ်ကျခံထားရပြီး ဦးကိုကိုလှိုင်သည် ထောင်ဒဏ် ၁၇၃ နှစ်ကျခံထားရကြောင်း ၊မကွေးဗဟိုအကျဉ်းထောင် (ခ)ဒေါင်းနေအကျဉ်းထောင် တွင် NLD ပါတီဝင် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက် တာ အောင်မိုးညို ၊ တိုင်းလွှတ်တော်ဥက္ကဌ ဦးတာ တို့လည်း ထိန်းသိမ်းခံထားရကြောင်း သိရသည်။

“နိုင်ငံရေးသမားကို သူတို့က ထောင်ချထားပြီးပြီ။ ထောင်ချထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထောင်စံချိန်စံ ညွှန်းနဲ့ထားရမှာ၊ ထောင်စံချိန်စံညွန်းနဲ့ထားရတာဖြစ်တဲ့အတွက် တစ်ခုခုသွားရင် သူတို့က တာဝန်ယူရမယ်၊ နောက် တစ်ခုကကျတော့ အပြင်ကနေ တော်လှန်ရေးအသိုက်အဝန်းက လာတိုက်ခိုက်တဲ့အခါမှာ သိမ်းသည်ပဲဖြစ် ပါစေ၊ မသိမ်းသည်ပဲဖြစ်ပါစေ ဒါက သူတို့ကာကွယ်ရမယ့် အပိုင်း။ထောင်သားတွေနဲ့ ဘာမှ မဆိုင်ဘူး။ မဆိုင်ပဲနဲ့ ထောင်သားတွေကို ငြိုးတဲ့ပုံစံမျိုးဖြစ်နေတာ ဒါကလုံးဝလက်ခံလို့မရဘူး။ ဒါတွေက လူ့အခွင့်အရေးကို ကျူး လွန်နေတာဖြစ်ပါတယ်” ဟု အကျဉ်း ထောင်နှင့်နီးစပ်သူ နိုင်ငံရေးသမားတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article