33 C
Yangon

NUG ဝန်ကြီးချုပ်နှင့် အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများပေးရေး ဆွေးနွေး

Must read

ရန်ကုန်၊ ဧပြီ ၁၈

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါတို့ ယနေ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့က ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် Teleconference မှ တဆင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် အာဆီယံ ဥက္ကဋ္ဌ နှင့်တကွ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်နဝါက ယမန်နေ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အသေးစိတ် သတင်းထုတ်ပြန်ခြင်းမပြုကြပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article