33 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ဟာ ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မနက်ပိုင်းမှာပဲ တွေ့ဆုံခဲ့ကြတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် မင်းအောင်လှိုင်က မလေးရှားဝန်းကြီးချုပ်နဲ့ မနေ့က နှစ်ဆန်းတစ်ရက်နေ့မှာ တွေ့ဆုံနေတဲ့အချိန် တစ်ဖက်မှာတော့ စဉ့်ကူးမြို့နယ် ၊ မိုးကုတ်မြို့နယ် နဲ့ ကျုံဒိုးမြို့နယ်တွေကို လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးထားပြီး ၊ ကလေးငယ်တွေအပါအဝင် နောက်ထပ်ပြည်သူတချို့လည်း ဒဏ်ရာတွေရထားတဲ့အပြင် ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေလည်း ပျက်ဆီးထားတယ်လို့ ဒေဿခံသတင်း ရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့က ကမ္ဘောဇ ဘဏ်ဝန်ထမ်း သက်သက်ဇော် ဆိုသူနဲ့ ခင်ပွန်းဖြစ်သူ စစ်ဗိုလ် အောင်ပြည့်စုံတို့က လူပေါင်း ၃၀ ကျော်ဆီကနေ ၁၀ ရာခိုင်နှုန်း အမြတ်ပေးတဲ့ ပုံစံနဲ့ ငွေကြေးစုဆောင်းလိမ်လည်သွားပြီး ငွေကျပ် သိန်းပေါင်း သောင်းနဲ့ချီပါသွားတယ်လို့ လိမ်လည်ခံရသူတချို့ကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို အသိပေး ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article