27 C
Yangon

ကျုံဒိုးမြို့ရှိ ကျေးရွာများကို စစ်တပ် သတင်းပေးများက လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခိုင်းနေ၍ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၁၈

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် သတင်းပေးများက လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခိုင်းနေ၍ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကျုံဒိုးဒေသအတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ် ထောက်ခံသူ ကြံ့ဖွတ်ပါတီတာဝန်ခံနှင့် မဘသ ဘုန်းကြီးများက ကျေးရွာများအတွင်း KNLA မဟာမိတ် ပူပေါင်းတပ်များ ဝင်ထွက်မှု စခန်းချမှု မရှိစေရေး နှင့် စစ်တပ် တပ်ရင်းတပ်ဖွဲ့ စစ်စခန်းများ တိုက်ခိုက်မခံရရရေးအတွက် အကြမ်းဖက် စစ်တပ်ကို သတင်းပေး၍ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကြမ်းဖက် စစ်တပ်ထံ သတင်းပေးပို့မှုများကို ကမ်းနီရွာ ၊ ကော့ဝါလဲရွာ ၊ ကိုးတိုင်ရွာ နှင့် ရန်ကုတ်ရွာတို့မှ ကြံ့ဖွတ် ပါတီဝင်များနှင့် မဘသ ဘုန်းကြီးများက လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရှိရသည်။

” အခု ဗုံးကျဲတာ လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်ထည့်တာက ရွာက ဘုန်းကြီး၊ ကြံ့ဖွတ်နဲ့ စစ်တပ် ထောက်ခံတဲ့သူတွေက PDF/KNU တွေ လာတာနဲ့ သွားတာကို ကြည့်ပြီး စစ်တပ်ကို ဖုန်းဆက် သတင်းပေးပြီး လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ပစ်ခတ် ဗုံးကျဲခိုင်းနေတာ အဲလို ပစ်ခတ် ဗုံးကျဲခိုင်းတော့ သေတာကလည်း ကိုယ့်ရွာသားတွေပဲလေ အရင်နှစ်တွေကလည်း အဲ့လို စစ်တပ်ကိုသတင်းပေးကြလို့ ရှင်းခံရတာရွာက ပြေးနေရတာတွေရှိတယ်။ အခု ကမ်းနီတို့ ကော့ဝါလဲတို့ ကိုးတိုင်တို့ ရန်ကုတ်ရွာတို့က ကြံ့ဖွတ်တွေ မဘသ ဘုန်းကြီးတွေက စစ်တပ်ကို ဖုန်းဆက် သတင်းပေးကြတာမျိုးကနေ ရမ်းပစ်မှန်းပစ် ထင်ရာနေရာဗုံးလာကျဲနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ ညပိုင်းကလည်း သလွဲထော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သလွဲထော်ရွာသား တချို့ သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း၊ ည ၁ နာရီကျော်ခန့်တွင် ကမ္မရိုက်ရွာဘက်ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စကခ ၁၂ မှလည်း ကော့ကရိတ်မြောက်ပိုင်းရှိ နောင်တပွဲရွာနှင့်ကော့ကလာင်ရွာတို့ကို လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင်လည်း ဂျိုင်းတံတားလမ်းပိုင်း၌ နံနက်ပိုင်းမှ စတင်ကာ မွန်းလွဲပိုင်း အထိ ဂျက်ဖိုက်တာများ ကင်းထောက် ပျံသန်းနေသည့်အတွက်ကုန်ကားများ သွားလာမှု နည်းပါးနေကာ ကျေးရွာများမှ စစ်ဘေးရှောင်သည့် ကား၊ ဆိုင်ကယ်များကို ဂျိုင်းတံတားရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း တပ်များက စစ်ဆေးမေးမြန်းပြီးမှသာ ဘားအံ ဘက်သို့ သွားလာခွင့်ပေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article