30 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် နဲ့ NUG ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး အာဆီယံ နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့တွေ နဲ့ မြန်မာပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG ကနေ တရားဝင် သတင်းထုတ်ပြန်ထားပြီး ၊ မလေးရှားဝန်ကြီးချုပ်ကလည်း NUG ဝန်ကြီးချုပ် နဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံခဲ့မှုအပေါ် နှစ်ဖက်စလုံးက ကန့်ကွက်မှုမရှိဘဲ အပြုသဘော ဆောင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
  • နေပြည်တော်မှာ ငလျင်ကြောင့် ပြိုပျက်သွားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဟိုတယ်ခရီး ရုံး ၊ နိုင်ငံခြား ရေးရုံး နဲ့ လ၀ကဝန်ကြီးဌာနရုံးတွေက အရာရှိ နဲ့ ဝန်ထမ်းတချို့ဟာ ရန်ကုန်မြို့က ရုံးတွေကို ယာယီပြောင်းရွှေ့လာပြီဖြစ်တယ်လို့ ဝန်ထမ်းအသိုင်းအတိုင်းက ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြော ဆိုပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ကိုယ်တိုင် အပစ်ရပ်ထားပါတယ်ပြောပြီး ၊ တစ်ဖက်မှာတော့ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်က ပန်းတောကြီးကျေးရွာအနီးကို စစ်ကြောင်းထိုးတာတွေ လုပ်လာ နေတဲ့အတွက် အာရက္ခတပ်တော် AA – PDF ပူးပေါင်းတပ်တွေ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ၊ စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တော်ကို များနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article