30 C
Yangon

ကျိုက်ထီးရိုး တောင်ခြေတွင် ဖမ်းဆီးရမိသော ပျူစောထီး ခေါင်းဆောင် လှိုင်မင်း အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး အရေးယူမည်၊ ကျန်ရှိသော မိသားစုဝင် အားလုံးကို PDF တပ်ဖွဲ့က ပြန်လွှတ်ပေး

Must read

ကျိုက်ထီးရိုး တောင်ခြေတွင် ဖမ်းဆီးရမိသော ပျူစောထီး ခေါင်းဆောင် လှိုင်မင်း အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး အရေးယူမည်၊ ကျန်ရှိသော မိသားစုဝင် အားလုံးကို PDF တပ်ဖွဲ့က ပြန်လွှတ်ပေး

ရန်ကုန်၊ ဧပြီ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်တွင် ဖမ်းဆီး ရမိသော ပျူစောထီး ခေါင်းဆောင် လှိုင်မင်း အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး အရေးယူသွားမည်ဖြစ်ကြောင်း အမှတ် ၂၇ ဗျူဟာ တာဝန်ခံ ရဲဘော်အေးမင်းထွန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခု၌ သောက်စား မူးယစ်နေသည့် ညောင်လေးပင်မြို့နယ် ပျူစောထီးခေါင်းဆောင် ဦးလှိုင်မင်း၊ ဒုတိယ ပျူစောထီး ခေါင်းဆောင် မဲကြီး အပါအဝင် မိသားစုဝင် ၄၈ ယောက်ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က အရှင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခဲ့သူများအနက် ပျူစောထီး ခေါင်းဆောင် လှိုင်မင်း၊ ပျူစောထီး ဒုတိယ ခေါင်းဆောင် မဲကြီး၊ ပျူစောထီး အဖွဲ့ဝင် မင်းမော်ဦး (လှိုင်မင်း၏သား) ၊ ကျော်ကျော်ဦး၊ သိန်းဌေး နှင့် လှိုင်မင်း၏ မိန်းမဖြစ်သူ ယမင်းတို့ကို ဆက်လက် ဖမ်းဆီးထားကာ ကျန်မိသားစုဝင်များကို ဧပြီလ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီထောက်ခံတဲ့ လော်ဘီသတင်းတွေက ဝါဒဖြန့်သလိုမျိုး ဘုရားဖူးပြည်သူတွေကို အကြောင်း မဲ့ ဖမ်းဆီးတာမျိုး မလုပ်ပါဘူး။ အဲဒီလိုအလုပ်တွေက သူတို့ပဲလုပ်ကြတာပါ။ ကျနော်တို့က မတိကျ မသေချာပဲ ဘာမှမလုပ်ဘူး။ သူတို့သောက်စားမူးယစ်ပြီး ရေကူးနေကြတဲ့အချိန်မှာ ဖမ်းတာပါ။ ဘုရား ဖူး တဲ့အချိန် ဖမ်းတာ မဟုတ်ပါဘူး။ အဓိကဖမ်းတာကတော့ ခေါင်းဆောင် လှိုင်မင်းပါ။ သူနဲ့အတူ ပျူအဖွဲ့ဝင် ၄ ယောက်ပါတယ်။ ဒါပေမယ့် မိသားစုတွေ ရောပါလာတော့ သူတို့ မိသားစုတွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်ပြီး အားလုံးကို လတ်တလော ခေါ်သွားတာပါ။ မိသားစုဝင်တွေကိုတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားပြီး အခုတော့ သူတို့မိသားစုကို ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု ရဲဘော် အေးမင်းထွန်းက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသော ပျူစောထီးများသည် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းနှင့် ပူးပေါင်းကာ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်ကာ အလောင်း‌ ဖျောက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ရောင်းစားကာ ခမရ ၂၀ တပ် သို့ ပေးပို့ခြင်း၊ ညောင်လေးပင်မြို့နယ် စီမံကောင်စီ ဗိုလ်မှူးနေလင်းနှင့်ပေါင်းကာ လူငယ်များကို ဖမ်း ဆီးပြီး ခမရ ၄၄၀ တပ်ရင်း (ဒိုက်ဦး) သို့ ပို့ဆောင်ခြင်း၊ လူငယ်များနှင့်အတူပါလာသည့် ဆိုင်ကယ် များကို ရောင်းစားကာ ဗိုလ်မှူးနေလင်းနှင့်ခွဲဝေယူခြင်းတို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရသည်။

“ဖမ်းတဲ့အချိန်မှာ ပါလာတဲ့ မိသားစုဝင်တွေကို ပြန်လွှတ်လို့ရပေမယ့် ဘယ်သူက ပျူစောထီး၊ ဘယ် သူက ပြည်သူဆိုတာ မသိရသေးလို့ခေါ်ဆောင်သွားတာဖြစ်တယ်၊ လုံခြုံတဲ့နေရာရောက်တဲ့အချိန်မှာ စစ်ဆေးပေါ်ပေါက်ချက်အရ ခေါင်းဆောင်က လှိုင်မင်း၊ သူ့ဇနီးမယမင်း၊ အပါအဝင် ၅ ဦး၊ အဲဒါတွေကို တော့လက်ရှိထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်တယ်။ သူတို့နဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာ ပျူစောထီးဝင် တွေမဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ကတော့ ပြည်သူလို့ သတ်မှတ်လိုက်တယ်။ အပြစ်ရှိသူကိုတော့ အပြစ်ရှိတဲ့အတိုင်းဖော်ထုတ်အရေးယူသွားမှာဖြစ်တာပေါ့။ ဒါကိုပြည်သူလူထုကိုချပြခြင်းဖြစ်ပါ တယ်။” ဟု ရဲဘော်အေးမင်းထွန်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ ဆက်လက် ဖမ်းဆီးစစ်ဆေးနေသော ပျူစောထီးအဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဖော်ထုတ်ကာ ကျူးလွန်ထားသည့် ပြစ်မှုများ အပေါ်မူတည်၍ ထိရောက်သည့် ပြစ်ဒဏ်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“သူတို့ကျူးလွန်ထားတာတွေအများကြီးပါ။ အသေးစိတ်ကို ပြည်သူတွေကို ချပြပေးသွားမှာပါ။ အဲဒီ ပျူစောထီးနဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံလိုက်ရတဲ့ ကဒက်ချောင်းရေတံခွန်ဟာ စစ်ကောင်စီတပ်တွေ လုံခြုံရေးအပြည့်ယူထားတဲ့ ကျိုက်ထီးရိုးတောင်ခြေက ကင်းမွန်းစခန်းနဲ့ မိုင်ဝက်ကျော်ကျော် လောက်သာ ဝေးပြီး ဆိုင်ကယ်နဲ့ သွားရင် ၅ မိနစ်ဝန်းကျင်သာ သွားလာရတဲ့ နေရာ ဖြစ်ပါတယ်။” ဟု အမှတ် ၂၇ ဗျူဟာမှူး ရဲဘော်အေးမင်းထွန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article