28 C
Yangon

စစ်ကိုင်း ငလျင်ဒဏ်ကြောင့် အိမ်ပြိုသူရော၊ အိမ်ပျက်စီးသူများအားလုံး မီတာခပေးရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်

Must read

ရန်ကုန်၊ ဧပြီ ၂၀

အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်း ငလျင်ဒဏ် ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများ မီတာခ ပေးဆောင်ရန် အတင်း အဓမ္မ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းငလျင်ကြောင့် နေအိမ် ပျက်စီးမှုမရှိလျှင် သုံးစွဲသည့် လျှပ်စစ်မီတာ ယူနစ်ဖတ်ရှုနိုင်သော ပြည်သူများအနေဖြင့် မတ်လအတွက် မီတာဘေလ်ရရှိပါက ဘေလ်ပေါ်တွင် ပါရှိသည့်နောက်ဆုံး ပေးဆောင်ရမည့် ရက်စွဲ အတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

နေအိမ် ပျက်စီးမှုရှိသော ပြည်သူများအနေဖြင့် မေလ ၁ ရက်နေ့မှ စ၍ ယခင်သုံးစွဲထားသည့် မီတာယူနစ်များအတိုင်း ဧပြီလနှင့် မတ်လ အတွက် ၂ လတာ ကျသင့်ငွေကို တွက်ချက်၍ မီတာခပေးဆောင်ရမည့် နောက်ဆုံးရက်များတွင် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လျှပ်စစ်ရုံးများက နေအိမ်ရှိ မီတာဖတ်မရအောင် ပျက်စီးသွားပါက သက်ဆိုင်ရာ လျှပ်စစ်မန် နေဂျာများကို ဆက်သွယ်ရမည်ဟု သိရှိရသည်။

“ပြည်သူတွေ ဒီလောက် ဒုက္ခရောက်နေတာကို မီတာဆောင်ဖို့ဆိုပြီး လိုက်ပြောနေတယ်။ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူးလည်း ရပ်ကွက်တွေမှာ လိုက်ပြောနေတာရှိတယ်။ ပြည်သူတွေ အပေါ် တော်တော် မေတ္တာထားတဲ့ ကောင်တွေပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article