36 C
Yangon

အုတ်ဖိုတွင် “PDF တွေ သေရဲရင် လာခဲ့”ဟု စိန်ခေါ်ခဲ့သည့် ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် “PDF တွေ သေရဲရင် လာခဲ့”ဟု စိန်ခေါ်ခဲ့သည့် ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဦး ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်အချိန် အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာတွင် နေထိုင်သော ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဦးသည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ငရှည့်ရိုးရွာ အလှူသို့ ရောက်ရှိနေစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ငရှည့်ရိုးရွာလယ် အလှူမဏ္ဍပ် အနီး ၎င်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး နိုင်ဦးသည် ဦးခေါင်းတည့်တည့် သေနတ်ကျည်ဆန် ၁ ချက် ထိမှန် ပွဲချင်းပြီးသေဆုံးကာ ၎င်းထံမှ လက်ပစ်ဗုံး ၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၀၀၀၀၀ ကျပ် နှင့် မှတ်ပုံတင် ၁ ခု တို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နိုင်ဦးသည် အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသည့် သေနတ် နှင့် လက် ပစ်ဗုံးပြ၍ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟု ဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များကို အတင်း အကျပ် ပေါ်တာဆွဲ ဖမ်းဆီးရုံသာမက အသက်၆၀ ကျော်အရွယ် အမျိုးသားများကိုပါ ပေါ်တာဆွဲဖမ်း ဆီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအား ဆဲဆိုစိန်ခေါ်ခြင်း၊ အုတ်ဖိုမြို့ အနောက် ခြမ်းရှိ ကျေးရွာများကို စကစများနှင့် အတူ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ကြီး နိုင်ဦးက PDF တွေ သေရဲရင် အုတ်ဖို အနောက်ခြမ်းကိုလာခဲ့ကြ ငါစောင့်နေမယ်လို့ စိန်ခေါ်တယ်။ ခုည အလှူလာမယ့် လူငယ်တွေကို အုပ်ကြီးနိုင်ဦးနဲ့ စစ်ခွေးတွေ ပေါ်တာဆွဲမယ့် အတွင်း သတင်းရလို့ ငရှည့်ရိုးကိုသွားပါတ ယ်။ ရွာလယ်က အလှူမဏ္ဍပ်မှာ ထိုင်နေတဲ့သူ့ကို အပြင်ခေါ်ထုတ်ပြီး ခေါင်းကိုသေနတ်နဲ့ ၁ ချက် ပစ်ခတ်ရှင်းလိုက်တာပါ။ ဒီကောင်က သူအုပ်ချုပ်တဲ့ ငရှည့်ရိုးအုပ်စုက ရွာတွေအပြင် အုတ်ဖိုမြို့ အနောက်ခြမ်းက ထူးကုန်းအုပ်စု၊ မတောင့်တအုပ်စုနဲ့ နနွင်းကုန်းအုပ်စုထဲက ရွာတွေကိုပါ စစ်ခွေးတွေနဲ့ အတူ ရွာစဥ်လှည့် ပေါ်တာဆွဲနေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော် လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ် ကောင်စီနှင့် ဒေါက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article