26.6 C
Yangon

ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သား ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သား ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၃ နာရီမှစတင်၍ စစ်ကောင်စီ၏ ထီးထဗျူဟာစခန်း သိမ်းတိုက်ပွဲကို စတင်ခဲ့ပြီး ၈ ရက်ခန့် ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီတွင် စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအ၀င် တပ် သား ၁၀၀ ခန့် သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ၁ ဦးကျဆုံးခဲ့ကြောင်း ၊ စစ်ကောင်စီထံမှ ၁၂၀မမ ၂ လက်၊ ၆၀ မမ၊ ၄၀မမ၊ အာပီဂျီ နှင့် စက်သေနတ်များ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီက Mi 17 ရဟတ် ယာဉ် K-8W ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များကို အသုံးပြုပြီး နေ့စဉ်နီးပါးဗုံးများကျဲတိုက်ခိုက်ခဲ့သည့်ကြားမှ စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းစစ်ဆင်ရေးတွင် KNU တပ်မဟာ ၄ တပ်မဟာမှူးဦးစီးသည့် တော် လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပါဝင်ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article