36 C
Yangon

ကန့်ဘလူမြို့နယ်၊ သင်တောရွာ ဒေါ်မူချို ကုန်စုံဆိုင် ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာ ဒေါ်မူချို ကုန်စုံဆိုင် ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ သင်တောရွာ ဒေါ်မူချို ကုန်စုံဆိုင် ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကုန်စုံဆိုင်တွင် ရှိနေသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကုန်စုံဆိုင်ဘေးရှိ နေအိမ် ၁ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

“မနေ့က ကန့်ဘလူမြို့နယ် သင်တောရွာကို စစ်ခွေးတွေက ဗုံး ၂ လုံးကျဲတာ ပေါင် ၃၀၀ ဗုံး ၂ လုံးလို့ သိရတယ်။ ကုန်စုံဆိုင်ပေါ်ကျပြီးတော့မှ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးတယ်။ သေဆုံးသူ အားလုံးက ပြည်သူတွေပါပဲ” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article