36 C
Yangon

တောင်သာမြို့နယ်ရှိ နန်းတည်ရွာနှင့် သံဘိုရွာသစ်ရွာကို စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နန်းတည်ရွာနှင့် သံဘိုရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ် ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်အချိန် နန်းတည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး သေဆုံးကာ ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် သံဘို(ရွာသစ်)ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၃ စီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး သေဆုံးကာ ပြည်သူ ၄ ဦး ထိခိုက် ဒဏ် ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသော နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“နန်းတည်ရွာနဲ့ သံဘိုရွာသစ်ရွာကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ဗုံးကျဲ တိုက်ခိုက်တာပေါ့။ ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးပါတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသောကြောင့် ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်ထားကြပါရန်နှင့် လေကြောင်းအန္တရာယ်သတိပေးချက်ကြားရသည့်အခါ ဗုံးခိုကျင်းများအတွင်း နေထိုင်ကြပါရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article