27.6 C
Yangon

ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး စစ်ကောင်စီလေတပ်က KNLA နေရာများကို ဗုံးကျဲနေ၍ လေယာဉ်ပစ်အမြောက်များကို ထိုင်းစစ်တပ်က နယ်စပ်သို့ ရွှေ့ပြောင်း

Must read

ရန်ကုန်၊ ဧပြီ ၂၁

ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး စစ်ကောင်စီလေတပ်က KNLA နေရာများကို ဗုံးကျဲနေ၍ လေယာဉ်ပစ်အမြောက်များကို ထိုင်းစစ်တပ်က ရွှေ့ပြောင်းနေကြောင်း ထိုင်းအခြေစိုက် Khaosod English က သတင်းဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်က ထိုင်းနယ်စပ် ကနချနဘူရီခရိုင် အနီးတွင် ဗုံးများမကျဲချရန် ထိုင်းနိုင်ငံ၏ သတိပေးချက်ကို လျစ်လျူရှုနေကြောင်း၊ ယနေ့နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်၏ လေယာဉ်များက ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းများသို့ ဗုံး ၁၀ လုံးဝန်းကျင် ကျဲချသွားခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ယခုအခါ ထိုင်းနိုင်ငံတကာ လေယာဉ်ပစ်အမြောက်များကို ထိုင်းနယ်စပ်အနီးသို့ ရွှေ့ပြောင်းနေပြီး ထိုင်းနိုင်ငံ၏ လေပိုင်နက်ကို ကာကွယ်ရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article