36 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်ယာဉ်တန်းကို လုံခြုံရေး ယူပေးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ တပ်မ ၃၃ မှ မုံရွာ နမခ သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို လုံခြုံရေး ယူပေးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာ နမခ သို့ ထွက်ခွာလာသော စစ်ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးနေသော စစ်တပ်ကို စစ်ကိုင်း – မုံရွာ – ရွှေဘို လမ်းမပိုင်းရှိ စစ်ကိုင်းမြို့ ရဲတပ်ရင်း ၁၆ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာ နမခ သို့ ထွက်ခွာလာတဲ့ ခွေးကားကြီး ၁၀ စီးပါ ယာဉ်တန်းကို လုံခြုံရေးယူပေးရင်း ပြည်သူ လူထုရဲ့ ကားတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံနေတဲ့ စစ်ခွေး အုပ်စုကို စစ်ကိုင်း – မုံရွာ – ရွှေဘို လမ်းမပေါ်က စစ်ကိုင်းမြို့ ရဲတပ်ရင်း ၁၆ အနီးမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၅ ကောင် နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ၃ ကောင် အပြင်းအထန် ဒဏ်ရာရရှိတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ စစ်ကိုင်း နှင့် Sagaing PDF တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article