30 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကျဲသတ်ဖြတ်နေတဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့က နှုတ်ဆိတ် နေမှုအပေါ် ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က သူ့ရဲ့ လူမှုကွန်ယက်ကနေတဆင့် မေးခွန်းထုတ်လိုက်ပါတယ်။
  • နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်လမ်းပိုင်းအထိ တော်လှန်ရေးတပ်တွေက စစ်ဆေးမှုတွေလုပ်တဲ့ အချိန် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကပစ-၁၃ က ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ်အောင်ဇော်နိုင် နဲ့ ရဲဒုတပ် ကြပ်ထွန်းပြည့်စုံ ဆိုသူတို့ကို ငွေကျပ် သိန်း ၂၀၀၀ ကျော်နဲ့အတူ ဖမ်းမိပေမယ့် စစ်ကောင်စီ တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၃ ဦးစလုံး သေကုန်ကြပြီး ငွေကျပ် သိန်း ၂ ထောင်ကျော်ကိုတော့ တော်လှန် ရေးတပ်တွေအမိအရ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက အကြမ်းဖက် စစ်ကေင်စီရဲ့ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူး အပါအဝင် ရှိသမျှ စစ်အင်အား အယောက် ၁၀၀ နီးပါးဟာ အကုန်လုံး သေကုန်ကြတဲ့အပြင် ၊ လက်နက်ခဲယမ်းတွေလည်း အမြောက်အမြားသိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article