32 C
Yangon

နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က မောင်မောင်အေးကို တာဝန်ပေး၊

Must read

🟥 ဆောက်လုပ်ရေး တင်ဒါနှင့် ဘိလပ်မြေ၊ သံချောင်းများ အခွန်မဲ့ သွင်းခွင့်ရရရေး လုပ်ငန်းရှင်များက ဗိုလ်ချုပ်ကြီးများ ထံသို့ ချောင်းပေါက် မတတ်သွားနေသော်လည်း မင်းအောင်လှိုင်သားကို ကျော်ရန် မလွယ်

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသော နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို တာဝန်ပေးထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အစိုးရဌာနရုံးများပျက်စီးခဲ့ကြောင်း၊ ယင်းနောက် နေပြည်တော်ကို မြို့သစ် ပြန်လည် တည်ဆောက်ရန်၊ မြို့ကွက်ပြန်ချရန်နှင့် အဟောင်းများကို ပြန်လည် ပြုပြင်ရေးအတွက် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ လက်ရှိတွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နေပြည်တော် ပြန်လည် တည်ဆောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နေပြည်တော် ပြန်လည် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ထားတာရှိတယ်။ အသစ်တွေကို နေရာရွှေ့ဆောက်မယ်။ အဟောင်းတွေမှာ သုံးလို့ရတာတွေကို ပြုပြင်တည်ဆောက်ရမယ်။ အခြား ဝန်ကြီးနဲ့ ဗိုလ်ချုပ်တွေလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်” ဟု နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော နေပြည်တော်တွင် ဆောက်လုပ်ရေး တင်ဒါများစွာ ပေးအပ်ရန် ရှိနေပြီး လုပ်ငန်းရှင်များက နေပြည်တော် ပြန် လည် တည်ဆောက်ရေးတွင် လုပ် ကိုင်ခွင့်များရရှိရေးအတွက် ဗိုလ်ချုပ်ကြီး မောင်မောင်အေး အပါအဝင် ဗိုလ်ချုပ်ကြီးများထံသို့ ချောင်းပေါက်မတတ် သွားလာချည်းကပ်နေကြကြောင်း သိရှိရသည်။

“ဝန်ကြီးဌာနရုံးတွေ တော်တော်များများ ပြန်တည်ဆောက်မှာဖြစ်လို့ လုပ်ငန်းရှင်တွေ တော်တော်များများက နေ ပြည်တော်ကို ချောင်းပေါက်မတတ် လာနေကြတယ်။ သွင်းကုန်ဖြစ်တဲ့ ဘိလပ်မြေ၊ သံတင်သွင်းခွင့်တွေလည်း အခွန်မလိုဘဲ သွင်းခွင့်ချထားပေးဖို့ ရှိတယ်။ တင်ဒါရယ်လို့ မခေါ်တော့ဘူး။ နီးစပ်ရာတွေ ချထားပေးဖို့ရှိနေတယ်။ ဒါပေမယ့် တပ်ချုပ်သား (အောင်ပြည့်စုံ) ကုမ္ပဏီက တော့ အများဆုံးရမှာဖြစ်လို့ သူ့ကိုတော့ ကျော်ဖို့ မလွယ်ပါဘူး” ဟုနေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာ အများ အပြား ပျက်စီးပြိုကျခဲ့ကာ မြို့ပျက်ကြီးကဲ့သို့ ဖြစ်ပေါ်ခဲ့ကြောင်း နေပြည်တော်မှ ဝန်ထမ်းများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article