25 C
Yangon

ကျုံဒိုးမြို့ ၊ကမ်းနီရွာရှိ အစ္စလမ်ဘာသာဝင်တို့၏ ဗလီကျောင်းတော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ဗလီကျောင်းပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာ ဗလီကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်း ကျုံဒိုးမြို့ ကမ်းနီရွာ ဗလီကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဗလီကျောင်းတော်အဆောက် အဦး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ကမ်းနီရွာကို စစ်တပ်က လေယာဉ်နဲ့ မနေ့က နံနက်ပိုင်းက ထပ်ပြီး ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေတော့ အထိအခိုက်မရှိဘူး။ သူတို့ ကျဲတဲ့ ပထမ ၁ လုံးကျတာ မကွဲလို့ နောက် ၁ လုံးထပ်ပစ်ချတာ ဗလီပေါ် ကျရောက် ပေါက်ကွဲတယ်။ ထိခိုက်ပျက်စီးမှုတော့ ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ကမ်းနီရွာ ဘုန်းကြီးကျောင်းကို ဧပြီလ ၁၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက Yak-130 တိုက်လေယာဉ်ဖြင့် ဗုံးကျဲချရာတွင် အသက် ၃ နှစ်အရွယ်ကလေးငယ် ၂ ဦးဖြစ်သည့် မိကျဲကျဲမွန်နှင့် မင်းကွန်ဗလဲ၊ အသက် ၉ နှစ်အရွယ် မင်းလင်းပြည့်အောင်၊ အသက် ၁၅ နှစ်အရွယ် မိပိုးဖူးဇင်၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုး၊ အသက် ၇၆ နှစ်အရွယ် ဒေါ်သိန်းရှင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၇ ဦး၊ ကိုရင် ၈ ပါး ၊ သံဃာ ၂ ပါး အပါအဝင် ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article